ချယ်လ်ဆီးကို အနိုင်ရတဲ့ပွဲအပြီးမှာ လည်ဆွဲ ပြုလုပ်ခဲ့တဲ့ လင်ဂတ်ရဲ့ ချစ်သူ

0
161

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၈

ဂျေစီလင်ဂတ်ရဲ့ ချစ်သူ ဂျီနာ ဖရူးမတ်ဟာ မန်ယူအသင်းက ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ဂိုးသွင်းအပြီး လက်နှစ်ချောင်းထောင်ကာ အောင်ပွဲခံခဲ့တဲ့ လင်ဂတ်ရဲ့ လက်ပုံ သဏ္ဍာန်ဖြင့် ရွှေလည်ဆွဲတစ်ခုကို ပြုလုပ်ဝယ်ယူခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဂျေစီလင်ဂတ်ဟာ မန်ယူ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေး ခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာ လင်ဂတ်ဟာ ကွင်းဘေးကိုလာပြီး JL သင်္ကေတကို လက်ဖြင့်ထောင်ကာ အောင်ပွဲခဲ့ခဲ့ပြီး ကစားဖော် ပေါ့လ်ဘာနဲ့အတူ ‘Wakanda Forever’ ဇာတ်ကားထဲက အတိုင်း ပုံသဏ္ဍာန်များ ပြုလုပ်၍ အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမယ့်လည်း လင်ဂတ်ရဲ့ ချစ်သူဟာ ပထမဆုံး အောင်ပွဲခံခဲ့တဲ့ လက်ပုံသဏ္ဍာန် သင်္ကေတကိုသာ လည်ဆွဲပြုလုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် အင်စတာဂမ်အကောင့်မှာလည်း လင်ဂတ်ဟာ သူ့အတွက် သူရဲကောင်းတစ်ယောက် ဖြစ်လာပြီလို့ ရေးသားခဲ့ပါတယ်။

ဂျေစီလင်ဂတ်ဟာ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနေသလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အင်္ဂလန်လူစာရင်းမှာ နည်းပြဆောက်ဂိတ်အနေနဲ့ ရွေးချယ်သင့်တဲ့ ကစားသမား တစ်ယောက်လို့ အင်္ဂလန်ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ်က သုံးသပ်ထားပါတယ်။

NN

Leave a Reply