အာဖဂန္သမၼတ အက္ရွ္ရက္ဂါနီ အမ်ိဳးသမီးမ်ားကို ေတာင္းပန္ခဲ့ရ။

0
191

ကဘူး ဒီဇင္ဘာ ၄

အာဖဂန္နစၥတန္သမၼတ အက္ရွ္ရက္ဂါနီသည္ အစၥလာမ္ဘာသာဝင္အမ်ိဳးသမီးမ်ား ေခါင္းၿမီးၿခံဳျခင္းႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ခ်ေျပာဆုိမိခဲ့သည့္အတြက္ အမ်ိဳးသမီးမ်ားအား ျပန္လည္ေတာင္းပန္လုိက္ၿပီျဖစ္သည္။

အာဖဂန္အစိုးရအဖဲြ႕ဝင္တခ်ိဳ႕ အုိင္အက္စ္တပ္ဖဲြ႕ဝင္မ်ားႏွင့္ အဆက္အသြယ္ရွိေနေၾကာင္း ေျပာဆုိမႈမ်ားရွိေနခဲ့ရာ ယင္းကဲ့သို႔ေျပာဆုိသူမ်ားသည္ အေထာက္အထားျပလွ်င္ျပ မျပႏုိင္ပါက အမ်ိဳးသမီးမ်ားကဲ့သုိ႔ ေခါင္းၿမီးၿခံဳထားသင့္ေၾကာင္း ဂါနီက ဒီဇင္ဘာ ၂ ရက္တြင္ေျပာဆုိခဲ့သည္။

ဂါနီ၏ေျပာဆုိမႈသည္ က်ားမခဲြျခားေျပာဆုိမႈျဖစ္ေၾကာင္း ေဝဖန္ေျပာဆုိမႈမ်ားရွိခဲ့သည္။ ေနာက္ပိုင္းတြင္ ဂါနီက အေစာ္ကားခံရသည္ဟု ယူဆသည့္ အမ်ိဳးသမီးမ်ားကိုေတာင္းပန္ပါေၾကာင္း ၎ေျပာဆုိသည့္ စကားမ်ားကို အဓိပၸါယ္လဲြမွားစြာေကာက္ယူခဲ့ေၾကာင္း တုံ႔ျပန္ေျပာဆုိခဲ့သည္။

သမၼတသည္ အမ်ိဳးသမီးအခြင့္အေရးတြက္ တိုက္ပဲြဝင္သူတစ္ဦးျဖစ္ၿပီး အာဖဂန္သမၼတျဖစ္ခ်ိန္မွစၿပီး အမ်ိဳးသမီးမ်ား အခြင့္အေရးပိုမိုရရွိေရးအတြက္ အားထုတ္ႀကိဳးပမ္းခဲ့ေၾကာင္း အာဖဂန္သမၼတ႐ုံး ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ ဂါနီသည္ အဂၤလိပ္ဘာသာစကားတြင္ ေခါင္းၿမီးၿခံဳပဝါဟု အဓိပၸါယ္ရသည့္ အာဖဂန္စကား ခ်ာအက္ဒါကုိ သံုးစဲြခဲ့ျခင္းျဖစ္ၿပီး ယင္းကုိ အဓိပါၸယ္ ေကာက္ယူလဲြခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
အာဖဂန္လူ႔အဖဲြ႕အစည္းတြင္ တန္ဖိုးထားခံရသည့္ အမ်ိဳးသမီးမ်ား၏ေနရာကုိ ႏွိမ့္ခ်လိုသည့္ သေဘာထားမရွိခဲ့ေၾကာင္း ဂါနီကေျပာဆုိခဲ့သည္။ ဂါနီသည္ ၎ကိုေဝဖန္သူမ်ားကို အမ်ိဳးသမီးမ်ားႏွင့္ ခိုင္းႏႈိင္းခဲ့ျခင္းျဖစ္ကာ ယင္းေၾကာင့္ အမ်ိဳးသမီးမ်ားကို အမ်ိဳးသားမ်ားေလာက္ျမင့္ျမတ္ျခင္းမရွိဟု ဆုိလိုလိုက္ျခင္းသာျဖစ္ေၾကာင္း ေဝဖန္သူမ်ားက ေျပာဆိုခဲ့သည္။

သမၼတဂါနီ ၎ေျပာဆုိခဲ့သည့္ မွတ္ခ်က္စကားအတြက္ ေတာင္းပန္ေပးရန္ အရပ္ဘက္လူ႔အဖဲြ႕ အစည္းမ်ားက လူမႈမီဒီယာမွတစ္ဆင့္ေတာင္းဆိုခဲ့သည္။ အမ်ိဳးသမီးလႊတ္ေတာ္အမတ္မ်ားအပါအဝင္ အစိုးရအဖဲြ႕ဝင္မ်ားကလည္း ဂါနီ၏ေျပာဆုိမႈကုိ ေဒါသတႀကီးတုံ႔ျပန္ခဲ့သည္။

အာဖဂန္နစၥတန္ရွိ အမ်ိဳးသမီးစာေရးဆရာမ်ားကုိ အားေပးကူညီေနသည့္ လြတ္လပ္ေသာ အမ်ိဳးသမီးစာေရးဆရာမ်ားအဖဲြ႕ကလည္း ဂါနီ၏ေျပာဆုိမႈႏွင့္ပတ္သက္ၿပီး ေဖ့စ္ဘြတ္ခ္တြင္ ထုတ္ျပန္ခ်က္တစ္ခုကို ထုတ္ျပန္ကာ ေဝဖန္ေျပာဆုိခဲ့သည္။ အမ်ိဳးသမီးမ်ားႏွင့္ အမ်ိဳးသမီးဘဝကုိ ရွက္စရာေကာင္းသည္ဟု သမၼတကုိယ္တုိင္က မွတ္ယူေနပါက အာဖဂန္အမ်ိဳးသမီးမ်ား မည္သည့္အရာကိုမွ် ေမွ်ာ္လင့္ရန္မျဖစ္နုိင္ေတာ့ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ဂါနီသည္ ၂၀၁၄ ခုႏွစ္တြင္ အာဖဂန္သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ အာဖဂန္နစၥတန္သမၼတအက္ရွ္ရက္ဂါနီ။

ကဘူး ဒီဇင်ဘာ ၄

အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဂါနီသည် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ခေါင်းမြီးခြုံခြင်းနှင့်ပတ်သက်ပြီး မှတ်ချက်ချပြောဆိုမိခဲ့သည့်အတွက် အမျိုးသမီးများအား ပြန်လည်တောင်းပန်လိုက်ပြီဖြစ်သည်။

အာဖဂန်အစိုးရအဖွဲ့ဝင်တချို့ အိုင်အက်စ်တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိနေကြောင်း ပြောဆိုမှုများရှိနေခဲ့ရာ ယင်းကဲ့သို့ပြောဆိုသူများသည် အထောက်အထားပြလျှင်ပြ မပြနိုင်ပါက အမျိုးသမီးများကဲ့သို့ ခေါင်းမြီးခြံုထားသင့်ကြောင်း ဂါနီက ဒီဇင်ဘာ ၂ ရက်တွင်ပြောဆိုခဲ့သည်။

ဂါနီ၏ပြောဆိုမှုသည် ကျားမခွဲခြားပြောဆိုမှုဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။ နောက်ပိုင်းတွင် ဂါနီက အစော်ကားခံရသည်ဟု ယူဆသည့် အမျိုးသမီးများကိုတောင်းပန်ပါကြောင်း ၎င်းပြောဆိုသည့် စကားများကို အဓိပ္ပါယ်လွဲမှားစွာကောက်ယူခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

သမ္မတသည် အမျိုးသမီးအခွင့်အရေးတွက် တိုက်ပွဲဝင်သူတစ်ဦးဖြစ်ပြီး အာဖဂန်သမ္မတဖြစ်ချိန်မှစပြီး အမျိုးသမီးများ အခွင့်အရေးပိုမိုရရှိရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြောင်း အာဖဂန်သမ္မတရုံး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဂါနီသည် အင်္ဂလိပ်ဘာသာစကားတွင် ခေါင်းမြီးခြံုပဝါဟု အဓိပ္ပါယ်ရသည့် အာဖဂန်စကား ချာအက်ဒါကို သုံးစွဲခဲ့ခြင်းဖြစ်ပြီး ယင်းကို အဓိပါ္ပယ် ကောက်ယူလွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာဖဂန်လူ့အဖွဲ့အစည်းတွင် တန်ဖိုးထားခံရသည့် အမျိုးသမီးများ၏နေရာကို နှိမ့်ချလိုသည့် သဘောထားမရှိခဲ့ကြောင်း ဂါနီကပြောဆိုခဲ့သည်။ ဂါနီသည် ၎င်းကိုဝေဖန်သူများကို အမျိုးသမီးများနှင့် ခိုင်းနှိုင်းခဲ့ခြင်းဖြစ်ကာ ယင်းကြောင့် အမျိုးသမီးများကို အမျိုးသားများလောက်မြင့်မြတ်ခြင်းမရှိဟု ဆိုလိုလိုက်ခြင်းသာဖြစ်ကြောင်း ဝေဖန်သူများက ပြောဆိုခဲ့သည်။

သမ္မတဂါနီ ၎င်းပြောဆိုခဲ့သည့် မှတ်ချက်စကားအတွက် တောင်းပန်ပေးရန် အရပ်ဘက်လူ့အဖွဲ့ အစည်းများက လူမှုမီဒီယာမှတစ်ဆင့်တောင်းဆိုခဲ့သည်။ အမျိုးသမီးလွှတ်တော်အမတ်များအပါအဝင် အစိုးရအဖွဲ့ဝင်များကလည်း ဂါနီ၏ပြောဆိုမှုကို ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

အာဖဂန်နစ္စတန်ရှိ အမျိုးသမီးစာရေးဆရာများကို အားပေးကူညီနေသည့် လွတ်လပ်သော အမျိုးသမီးစာရေးဆရာများအဖွဲ့ကလည်း ဂါနီ၏ပြောဆိုမှုနှင့်ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်တွင် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ကာ ဝေဖန်ပြောဆိုခဲ့သည်။ အမျိုးသမီးများနှင့် အမျိုးသမီးဘဝကို ရှက်စရာကောင်းသည်ဟု သမ္မတကိုယ်တိုင်က မှတ်ယူနေပါက အာဖဂန်အမျိုးသမီးများ မည်သည့်အရာကိုမျှ မျှော်လင့်ရန်မဖြစ်နိုင်တော့ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ဂါနီသည် ၂၀၁၄ ခုနှစ်တွင် အာဖဂန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ အာဖဂန်နစ္စတန်သမ္မတအက်ရှ်ရက်ဂါနီ။

 

Leave a Reply