တီကို တိုက်စစ်မှူး ဂရက်ဇ်မန်းကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ ပေးချေခေါ်ယူမယ့် ဘာစီလိုနာ

0
199

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၈
ဘာစီလိုနာအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဂရက်ဇ်မန်းကို လာမယ့်နွေရာသီ အပြောင်း အရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ သုံးစွဲပြီး ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဂရက်ဇ်မန်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေမှာ အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့ပြီး ယူနိုက် တက် နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကစားသမား ၀ယ်ယူခွင့် ပိတ်ပင်ခံရမှုကြောင့် သူဟာ အသင်းပြောင်းဖို့ လက်လျော့ ခဲ့ပါတယ်။ သည့်နောက်မှာတော့ အက်သလက်တီကို မက်ဒရစ်နဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ထပ်မံ ချုပ်ဆိုခဲ့ပါတယ်။ သူ့ရဲ့ စာချုပ်ဟာ လက်ရှိမှာ ၂၀၂၁ အထိ ကျန်ရှိနေပါတယ်။

ယခုအခါမှာတော့ ဂရက်ဇ်မန်းဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့ အကြိုသဘော တူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ လက်ရှိနည်းပြ အန်နက်စတို ဗယ်ဗာဒီဟာ ဂရက်မန်းရဲ့ အမာခံ ပရိသတ် တစ်ယောက်ဖြစ်ပြီး လာမယ့် ဇူလိုင်လ အပြောင်းအရွှေ့ကာလမှာ စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ (ပေါင် ၈၇ ဒသမ ၉ သန်း)ဖြင့် ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

NN

Leave a Reply