ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မည့် အိမ်မက်တွေမက်တတ်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

0
158

နေပြည်တော်၊ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈။

ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မည့်အိမ်မက်တွေမက်တတ်ရန်လိုအပ် ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့သည်။

“နိုင်ငံတစ်​ခုတည်ဆောက်ဖို့ကို အချင်းချင်းညှိနှိုင်းတဲ့နေရာမှာ အိမ်မက် လည်း မက်တတ်ရမယ်။ အိမ်မက်ကိုလည်း အကောင်အထည်ဖော် တတ်ရမယ်။ အိမ်မက်မက်တတ်ရမယ်ဆိုတာ မဖြစ်နိုင်တဲ့ အိမ်မက်တွေကို မက်လို့မဖြစ်ပါဘူး မဖြစ်နိုင်တဲ့ အိမ်မက်တွေကို မက်ရင် အချိန်ကုန်ရုံပဲ ရှိပါတယ်။အကောင်အထည်မဖော်နိုင်တဲ့ အိမ်မက်တွေဆိုတာလည်း ဘိန်းစားအိမ်မက်လိုပါပဲ တကယ်ကို တန်ဖိုးရှိတဲ့ အိမ်မက်မဟုတ်ပါဘူး။ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မဲ့အိမ်မက်တွေ မက်တတ် ရမယ်။မက်သင့်တဲ့အိမ်မက်တွေကို မက်ရမယ်။တချို့က အိမ်မက် မက်မနေနဲ့ဆိုတာကို ပြန်ပြီးပြောနိုင်တာက အိမ်မက်မမက်တတ်ရင် အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့့် ​နေရာကို မရောက်ပါဘူး ဒါကြောင့် အိမ်မက်မက်တတ်ရမယ် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး အိမ်မက်ကို ဒီအိမ်မက်ကို အကောင်အထည်ဖော် တတ်ရ မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်မှ ​ပြောကြားခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM) အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအိမ်မက်ကိုအကောင်အထည်ဖော်ဆောင်ရာတွင် စေတနာ၊ ပညာ၊သတ္တိ စသည့် အစွမ်း(၃)ခုရှိရန် လိုအပ်ကြောင်း ၊ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ဆိုသည်​မှာ မည်​သည့်​အဓိပ္ပာယ်​ဆိုသည်​ကို သေသေ ချာချာဆွေးနွေးရမည်ဖြစ်ကြောင်း၊ ဆွေးနွေးပြီးမှ ရသည့်အဖြေအား အားလုံးလက်ခံနိုင်အောင် မည်​သို့ပြင်​မည်​ အ​ပေးအယူလုပ်​မည်​ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့(JICM) သည် အမြင့်ဆုံး အစည်းအဝေး ဖြစ်တဲ့အတွက် ဒီအစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့အချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ တဖက်နဲ့တဖက်လည်း နားလည်မှုမ လွှဲရအောင်လည်းပဲ သက်ဆိုင်ရာမှာ လုပ်ရမယ့်ဒေသမှာ ရှိတဲ့ အစိုးရအဖွဲ့ ကိုလည်း အသိပေးသင့်တယ်လို့ပြောချင်ပါတယ်။ နားလည်မှုရှိရှိနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းစဉ်ကအောင်
မြင်သွားလိမ့်မယ်လို့ပြောကြားလိုပါတယ်သက်ဆိုင်ရာအောက်ခြေအဆင့်မှာ ပြီးပြတ်အောင် အထူးသဖြင့်အတွင်းရေးမှုးအဖွဲ့တွေက သေသေချာ ချာဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် ဒီင်္မိုကရေစီ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုကြီးဟာ မလွဲမသွေပေါ်လာမှာ ဖြစ်ပါတယ်” ဟု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှလည်း အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ငြိမ်းချမ်းရေးရရှိရန် ယုံကြည်မှုအပြည့်ရှိကြောင်း(JICM) အစည်းအဝေးကျင်းပနိုင်ခြင်းသည် အနာဂတ်အတွက်လမ်းစတခုဖြစ်ကြောင်းလည်းတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုး သည့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ရခိုင်​ပြည်​လွတ်​​မြောက်​​ရေးပါတီမှ ခိုင်စိုးနိုင်အောင်မှလည်း ပြောကြားခဲ့သည်။

“ငြိမ်းချမ်းဖို့ယုံကြည်မှုရှိဖို့လိုတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကလည်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု အသင့်ရှိပါတယ်။(NCA) စာချုပ်မှာပါတဲ့ဟာတွေမှာ နိုင်ငံတော် တည်ဆောက် ပုံတွေပါပါတယ်။အဲ့အပေါ်မှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ယုံကြည်မှုအပြည့်ရှိပါတယ်။(JICM) အစည်းအဝေးကို ကျင်းပနိုင်တာဟာ အနာဂတ်အတွက်အောင်မြင်မှု လမ်းစတစ်ခုဖြစ်တယ်” ဟု ခိုင်စိုးနိုင်အောင်က ​ပြောသည်။

အဆိုပါအစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်​ချုပ်​မှူးကြီးစိုးဝင်း၊ (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များ ၊နိုင်ငံရေးပါတီအစုအဖွဲ့မှ ကိုယ်စား လှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်​။

ယဉ်ကေနွယ်

Leave a Reply