ပြည်တွင်းခရီးသွားဝင်ရောက်မှုယခင်ထက်တိုးတက်၊ ကမ်းခြေဒေသများသို့ လည်ပတ်မှုများလာ

0
169

ရန်ကုန်။ဖေဖော်ဝါရီ၂၈ ၊၂၀၁၈

မြန်မာနိုင်ငံတွင်းခရီးသွားဝင်ရောက်မှုမှာပြီးခဲ့သည့်နှစ်များ နှင့်နှိုင်းယှဉ် ပါကလာရောက်လည်ပတ် သူများလာပြီး ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ မှစတင်ကာ ကမ်းခြေဒေသများသို့ သွားရောက်သူ များပြားလာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှသိရသည်။

နိုင်ငံခြားခရီးသွားများ အနေဖြင့် မြန်မာပြည်သို့လာရောက် လည်ပတ်ရာ တွင် ရန်ကုန်၊ မန္တလေးနှင့် အင်းလေးဒေသများသို့ အများဆုံး သွားရောက် လေ့ရှိ ကြရာမှ ယခုနောက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု သို့ခရီးသွားလာမှုကိုနှစ်ခြိုက် လာကြကြောင်းသိရသည်။

“ခရီးသွားလုပ်ငန်းကတိုးတက်ပါတယ်။ပြီးခဲ့တဲ့နှစ်ထက်စာရင်ပေါ့ ၂၀၁၇မှာတော့ ၃ ဒသမ ၀၅သန်းလောက်ဝင်တယ်လို့ ပြောပါတယ်။ ဒီနှစ်မှာ၃ ဒသမ ၂သန်းလောက်တော့ မှန်းပါတယ်။ အဓိကတော့ ပုဂံ မန္တလေး အင်းလေးဘက်အဲ့ဘက်တွေတော့အသွားအလာများပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ နှစ်နှစ်ကုန်ပိုင်း လောက်ကတော့မြိတ် ၊ကော့သောင်း ဘက်ကိုခရီးသွားတွေအနေနဲ့ ပိုပြီးတော့ ကြိုက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီဘက်ကိုစတင်ပြီးတော့ လည်းခရီးသွားတွေ စသွားနေကြတာလည်း တွေ့ရပါတယ်။”ဟုမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဦးမင်းသိန်းကပြောသည်။

မြန်မာနိုင်ငံ၏ ကမ်းခြေဒေသခရီးသွားလုပ်ငန်း များကိုနိုင်ငံ ရပ်ခြား တိုင်းပြည် များကလည်းစိတ်ဝင်စား လျှက်ရှိနေရာတွင် ကျူးဘားနိုင်ငံ ကလည်း မြန်မာပြည်၏ ကမ်းခြေဒေသခရီးသွားခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောကြားထားသည်ဟုမြန်မာနိုင်ငံဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှသတင်းရရှိသည်။

မေစု

Leave a Reply