ပဲခူးမြို့သို့ နှစ်​​ပေါင်း ၉၄ နှစ်​​ခန့်​​ရေ​ပေး​ဝေခဲ့​သော ပိုက်​လိုင်းများဖြုတ်​သိမ်း

0
154

ပဲခူး၊ ​မတ်​ ၁၊ ၂ဝ၁၈

ပဲခူးမြို့​ပေါ်သို့ နှစ်​​ပေါင်း ၉၄ နှစ်​​ကျော်​ကြာ ​ရေ​ပေး​ဝေခဲ့​သော ပိုက်​လိုင်းများအားဖြုတ်​သိမ်းကာ ဂျပန်​​ချေး​ငွေဖြင့်​အသစ်​တပ်​ဆင်​ထားသည့်​ အစားထို့ပိုက်​လိုင်းနှင့်​ ယ​နေ့မတ်​လ ၁ ရက်​တွင်​စမ်းသပ်​​ပေး​ဝေမှုများ စတင်​ပြုလုပ်​လျှက်​ရှိ​ကြောင်း စည်​ပင်​သာယာ​ရေးအဖွဲ့ထံမှ သတင်းရရှိ သည်​။

ဖြုတ်​သိမ်းလိုက်​သည့်​ ပိုက်​လိုင်းများမှာ ပဲခူးမြို့​ပေါ်သို့ ၁၉၂၄ ခုနှစ်​မှ စတင်​၍ ​ရေ​ပေး​ဝေ​ရေးအတွက်​ တပ်​ဆင်​အသုံးပြုခဲ့ခြင်းဖြစ်​ကာ အရှည်​​ ၅၄၆၄၃ ​ပေရှိ​ကြောင်း အဆိုပါဌာနမှ သိရသည်​။

“ယခင်​ပိုက်​လိုင်း​တွေက တချို့နေရာ​တွေမှာ ​ဆွေး​မြေ့​ပေါက်​ပြဲ​နေပြီ။ ဒါ​ကြောင့်​မို့ ယခုပိုက်​လိုင်းအသစ်​​တွေတပ်​ဆင်​ပြီး​ စမ်းသပ်​​ပေး​ဝေ ရခြင်းဖြစ်​ပါတယ်​”ဟု ပဲခူးမြို့နယ်​ စည်​ပင်​သာယာ​ရေးအဖွဲ့မှ အငယ်​တန်းအင်​ဂျင်​နီယာ ဦး​ကျော်​ဇင်​လင်းက ​ပြောသည်​။

လက်​ရှိအ​ခြေအ​နေတွင်​ စမ်းသပ်​ကာလအတွင်း နံနက်​ ၈ နာရီမှ ၁၁ နာရီအထိ ဇိုင်းဂနိုင်​ရပ်​ကွက်​၊ ရွာသစ်​ရပ်​ကွက်​၊ ​ကျောက်​ကြီးစုရပ်​ကွက်​နှင့်​ သွန်းဘုရားရပ်​ကွက်​များသို့လည်း​ကောင်း၊ ​နေ့လည်​ ၃ နာရီခွဲမှ ၆ နာရီခွဲအထိ ​ညောင်​ဝိုင်း၊ ပန်းလှိုင်​၊ ​ဈေးပိုင်း၊ ရုံးကြီး၊ လိပ်​ပြာကန်​နှင့်​ ရှင်​​စောပုရပ်​ကွက်​များသို့ ပို့လွှတ်​​ပေးရန်​ စီစဉ်​ထား​ကြောင်း ၎င်းက ဆက်​​ပြောသည်​။

“အဓိက​ရေအရင်းအမြစ်​ဖြစ်​တဲ့ ကန်​​တော်​ကြီး​ရေသန့်​ရှင်းမှုရှိ​ရေးကို လည်း တာဝန်​ရှိသူ​တွေအ​နေနဲ့ ထည့်​သွင်းစဉ်းစား​ပေး​စေလိုပါတယ်​။ ဘာ​ကြောင်းလည်းဆို​တော့ကန်ပတ်လည်မှာရှိတဲ့စိုက်ခင်းအချို့ ​ကြောင့်​ ​ရေညက်​ညမ်း​စေတယ်​ဆိုပြီး ​ထောက်​ပြ ကြတာ​တွေ လည်း ရှိ​နေပါ တယ်” ဟု သွန်းဘုရားရပ်​ကွက်​မှ ဦး​ရောင်​နီက ဆိုသည်​။

ရေသုံးစွဲခများနှင့်​ပတ်​သက်​ပြီး ယခုလကုန်​အထိ တစ်​လ ကျပ်​ ၄ဝဝဝ နှုန်းသတ်​မှတ်​ထားကာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်​မှစတင်​ကာ မီတာစနစ်​ဖြင့်​​ကောက်​ခံသွားရန်​ စီစဉ်​ထား​ကြောင်း ပဲခူးမြို့စည်​ပင်​သာယာ​ရေးအဖွဲ့ထံမှ သိရသည်​။

မိုး​မြေ

Leave a Reply