နိုင်ငံရေးသမားတစ်ဦးမောင်းနှင်သော ယာဉ်တိုက်မှုကြောင့် ကလေးကိုးဦး သေဆုံး

0
139

ဘီဟာ မတ် ၁

အိန္ဒိယရှိ အာဏာရ ဗာရာတီယဇနတပါတီ( ဘီဂျေပီ) မှဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးသည် နိုင်ငံမြောက်ပိုင်းဘီဟာပြည်နယ်၌ ကလေးငယ်ကိုးဦးကို မော်တော်ယာဉ်ဖြင့် တိုက်မိပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရဲတပ်ဖွဲ့ထံသို့ လာရောက်အဖမ်းခံခဲ့ပြီဖြစ်သည်။

မနောဘိုင်သာသည် အခင်းဖြစ်ပွားချိန်တွင် အက်စ်ယူဗွီကို မောင်းနှင် ခဲ့ခြင်းဖြစ်သည်။ ဘီဂျေပီသည် ၎င်းအား ပါတီဝင်အဖြစ်မှ ခြောက်နှစ် ရပ်ဆိုင်းထားခဲ့သည်။ အခင်းဖြစ်ပွားချိန် ဖေဖော်ဝါရီ ၂၆ ရက် မှစပြီး ဘိုင်သာသည် ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

ဘိုင်သာမောင်းနှင်သော ယာဉ်ဖြင့် တိုက်မိပြီး ကျောင်းသား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ အသက် ခုနစ်နှစ်မှ ၁၃ နှစ်ကြား အရွယ်ရှိ ကလေးငယ်များသည် စာသင်ကျောင်းမှ အိမ်သို့ပြန်လာစဉ်တွင် လမ်းတွင် ဘိုင်သာမောင်းသော ယာဉ်ဖြင့် အတိုက်ခံခဲ့ရခြင်းဖြစ်သည်။ ဘိုင်သာမောင်းနှင်သော ယာဉ်သည် စာသင်ကျောင်းနားတွင် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို ဝင်တိုက်ခဲ့ပြီးနောက် အရှိန် မထိန်းနိုင်ဖြစ်ကာ ကလေးများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာများကဖော်ပြခဲ့သည်။

မြေးတစ်ဦး သေဆုံးခဲ့သည့် ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့သို့ တိုင်ကြား ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ဘိုင်သာကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယာဉ်တိုက်မှုဖြစ်သည်ကို ကြားသိပြီးနောက်တွင် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့ကြောင်း အန်ဝါရူဟက်ကပြောဆိုခဲ့သည်။ ဟက်၏သမီးများအနက် တစ်ဦးသည် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည်။ ယာဉ်တိုက်မှုအရှိန်ပြင်းထန်လွန်းသောကြောင့် ကလေးငယ်တချို့၏ရုပ်အလောင်းများသည် သစ်ပင်များ၌ ပင်ကပ်နေခဲ့သည်။

အင်ဒရာဒေဝီရှာနီ၏ အသက် ကိုးနှစ်အရွယ်သမီးဖြစ်သူသည် သေဆုံး ခဲ့ပြီး သားငယ်မှာမူ ဒဏ်ရာရရှိခဲ့သည်။ ဘိုင်သာသည် ယခုလောလော ဆယ်တွင် ဆေးရုံတွင် ကုသမှုခံယူနေ သည်။ ဘိုင်သာ သည် အခင်း ဖြစ်ပွား ချိန်တွင် အရက်သေစာသောက်စားထားကြောင်း ပါတီတွင်းရှိ အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။ ဘိုင်သာအား ပြင်းပြင်းထန်ထန် အရေးယူပေးရန် ပြည်နယ်ဒုတိယဝန်ကြီးချုပ် ဆူရှီကူးမားမိုဒီက ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply