ၾသစေၾတးလ်လႊတ္ေတာ္၌ လိင္တူလက္ထပ္မႈဥပေဒၾကမ္းေဆြးေႏြးစဥ္ အမတ္တစ္ဦး လိင္တူခ်စ္သူကို လက္ထပ္ခြင့္ေတာင္း။

0
185

မဲလ္ဘုန္း၊ ဒီဇင္ဘာ ၄

ၾသစေၾတးလ်လႊတ္ေတာ္၌ ဒီဇင္ဘာ ၄ ရက္တြင္ လိင္တူလက္ထပ္မႈကို ဥပေဒျဖင့္ အတည္ျပဳသင့္ မသင့္ ေဆြးေႏြးမႈမ်ားျပဳလုပ္ေနခ်ိန္ လႊတ္ေတာ္အမတ္တစ္ဦးသည္ ကာလရွည္ၾကာလက္တဲြခဲ့သည့္ လိင္တူအမ်ိဳးသားခ်စ္သူကုိ လက္ထပ္ခြင့္ေတာင္းခဲ့ေၾကာင္း ႐ိုက္တာစ္သတင္းဌာန၏ေဖာ္ျပခ်က္အရ သိရသည္။

လစ္ဘရယ္ပါတီအမတ္ တင္ဝီလ္ဆင္သည္ လႊတ္ေတာ္ရွိ အမ်ားျပည္သူဆိုင္ရာေနရာတြင္ ထုိင္ေနသည့္ ႐ိုင္ယန္ေဘာ္လ္ဂါကုိလက္ထပ္ခြင့္ေတာင္းခဲ့ျခင္းျဖစ္သည္။၎တို႔ႏွစ္ဦးသည္ ေစ့စပ္လက္စြပ္ခ်င္း ဖလွယ္ခ့ဲၾကၿပီးျဖစ္ေသာ္လည္း လိင္တူလက္ထပ္ခြင့္ကို အတည္မျပဳေပးေသးသာေၾကာင့္ လက္ထပ္ရန္ ေစာင့္ဆိုင္းေနၾကျခင္းျဖစ္သည္။

ၾသစေၾတးလ်ႏုိင္ငံသားမ်ားသည္ လိင္တူလက္ထပ္မႈကို လက္ခံေၾကာင္း စက္တင္ဘာတြင္ စာတုိက္မႈတစ္ဆင့္ေပးပို႔ၿပီး အတည္ျပဳေပးခဲ့ၿပီးျဖစ္သည္။ လိင္တူလက္ထပ္မႈဆိုင္ရာ ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က လြန္ခဲ့ေသာအပတ္တြင္ အတည္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး ဒီဇင္ဘာ ၄ ရက္တြင္ ေအာက္လႊတ္ေတာ္၌ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

“လႊတ္ေတာ္တြင္း ေဆြးေႏြးမႈဟာ ကၽြန္ေတာ္တု႔ိႏွစ္ဦးၾကား ခ်စ္ျခင္းအတြက္ ဇာတ္ဝင္ေတးပဲ ၊ကၽြန္ေတာ္တို႔ႏွစ္ဦးရဲ႕ ဘယ္ဖက္လက္မွာ လက္စြပ္ေတြကိုၾကည့္ရင္ ႏွစ္ဦးၾကား ဆက္ဆံေရးကို သိႏိုင္ပါတယ္၊ ဒီလက္စြပ္ေတြဟာ ကၽြန္ေတာ္တို႔ မေမးႏုိင္ခဲ့တဲ့ ေမးခြန္းေတြအတြက္ အေျဖပါပဲ၊ အခုေတာ့ လုပ္စရာတစ္ခုပဲက်န္ပါတယ္၊ ႐ိုင္ယန္ပက္ထရစ္ဘိုလ္ဂါ ကိုယ့္ကို လက္ထပ္ပါေနာ္” ဟု ဝီလ္ဆင္ ကေျပာဆုိခဲ့သည္။

ဝိီလ္ဆင္သည္ ၾသစၾတးလ်လူ႔အခြင့္အေရးေကာ္မရွင္နာေဟာင္းလည္းျဖစ္သည္။ ေဘာ္လ္ဂါက လက္ထပ္ပါ့မယ္ ဟုေျဖဆုိခ့ဲၿပီးေနာက္ လႊတ္ေတာ္တြင္း လက္ခုပ္သံမ်ားကိုၾကားခဲ့ရသည္။

ဝန္ႀကီးခ်ဳပ္ မယ္လ္ကြမ္းတန္းဘူး၏လစ္ဘရယ္အမ်ိဳးသားညႊန္႔ေပါင္းအစုိးရႏွင့္ အဓိကအတိုက္အခံ ေလဘာပါတီတို႔က လိင္တူလက္ထပ္မႈကို အသိအမွတ္ျပဳသည့္ ဥပေဒၾကမ္းကုိ ဒီဇင္ဘာ ၇ ေနာက္ဆံုးထား အတည္ျပဳေပးမည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

ဥပေဒၾကမ္းကို အတည္ျပဳလုိက္ပါက ၾသစေၾတးလ်သည္ လိင္တူလက္ထပ္မႈကုိ ဥပေဒျဖင့္ အတည္ျပဳေပးသည့္ ၂၆ ႏုိင္ငံေျမာက္ ႏုိင္ငံျဖစ္လာမည္ျဖစ္သည္။ ၾသစေၾတးလ်ရွိ ျပည္နယ္တခ်ိဳ႕သည္ ၁၉၉၇ ခုွႏွစ္အထိ လိင္တူလက္ထပ္မႈကို တရားဥပေဒခ်ိဳးေဖာက္ေသာ လုပ္ရပ္အျဖစ္ သတ္မွတ္ခဲ့သည္။

“လိင္တူလက္ထပ္မႈဆုိတာ အေျခခံတရားမွ်တမႈပဲ၊ လူ႔အဖဲြ႕အစည္းဟာ လြတ္လပ္မႈနဲ႔တန္းတူညီမွ်မႈကုိ အားေပးရပါမယ္၊ ဒါမွသာ လိင္တူခ်စ္သူေတြ လြတ္လပ္စြာလက္ထပ္ခြင့္ရမွာပါ” ဟု တန္းဘူးလ္က ဒီဇင္ဘာ ၄ ရက္တြင္ေျပာဆုိခဲ့သည္။ စာတုိက္မွတစ္ဆင့္ မဲေပးမႈျပဳလုပ္မႈတြင္ မဲေပးခြင့္ရွိသူ ၈၀ ရာခိုင္ႏႈန္း မဲထည့္ခဲ့ၾကသည္။

Source:Reuters

႐ိုးေျမ

ပံုစာ။လက္ထပ္ခြင့္ေတာင္းခဲ့သည့္ လႊတ္ေတာ္အမတ္ တင္မ္ဝီလ္ဆင္။

 

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၄

သြစတြေးလျလွှတ်တော်၌ ဒီဇင်ဘာ ၄ ရက်တွင် လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုသင့် မသင့် ဆွေးနွေးမှုများပြုလုပ်နေချိန် လွှတ်တော်အမတ်တစ်ဦးသည် ကာလရှည်ကြာလက်တွဲခဲ့သည့် လိင်တူအမျိုးသားချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့ကြောင်း ရိုက်တာစ်သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

လစ်ဘရယ်ပါတီအမတ် တင်ဝီလ်ဆင်သည် လွှတ်တော်ရှိ အများပြည်သူဆိုင်ရာနေရာတွင် ထိုင်နေသည့် ရိုင်ယန်ဘော်လ်ဂါကိုလက်ထပ်ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးသည် စေ့စပ်လက်စွပ်ချင်း ဖလှယ်ခဲ့ကြပြီးဖြစ်သော်လည်း လိင်တူလက်ထပ်ခွင့်ကို အတည်မပြုပေးသေးသာကြောင့် လက်ထပ်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံသားများသည် လိင်တူလက်ထပ်မှုကို လက်ခံကြောင်း စက်တင်ဘာတွင် စာတိုက်မှုတစ်ဆင့်ပေးပို့ပြီး အတည်ပြုပေးခဲ့ပြီးဖြစ်သည်။ လိင်တူလက်ထပ်မှုဆိုင်ရာ ဥပဒေကြမ်းကို အထက်လွှတ်တော်က လွန်ခဲ့သောအပတ်တွင် အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်တွင် အောက်လွှတ်တော်၌ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်တွင်း ဆွေးနွေးမှုဟာ ကျွန်တော်တို့နှစ်ဦးကြား ချစ်ခြင်းအတွက် ဇာတ်ဝင်တေးပဲ ၊ကျွန်တော်တို့နှစ်ဦးရဲ့ ဘယ်ဖက်လက်မှာ လက်စွပ်တွေကိုကြည့်ရင် နှစ်ဦးကြား ဆက်ဆံရေးကို သိနိုင်ပါတယ်၊ ဒီလက်စွပ်တွေဟာ ကျွန်တော်တို့ မမေးနိုင်ခဲ့တဲ့ မေးခွန်းတွေအတွက် အဖြေပါပဲ၊ အခုတော့ လုပ်စရာတစ်ခုပဲကျန်ပါတယ်၊ ရိုင်ယန်ပက်ထရစ်ဘိုလ်ဂါ ကိုယ့်ကို လက်ထပ်ပါနော်” ဟု ဝီလ်ဆင် ကပြောဆိုခဲ့သည်။

ဝိီလ်ဆင်သည် သြစတြးလျလူ့အခွင့်အရေးကော်မရှင်နာဟောင်းလည်းဖြစ်သည်။ ဘော်လ်ဂါက လက်ထပ်ပါ့မယ် ဟုဖြေဆိုခဲ့ပြီးနောက် လွှတ်တော်တွင်း လက်ခုပ်သံများကိုကြားခဲ့ရသည်။

ဝန်ကြီးချုပ် မယ်လ်ကွမ်းတန်းဘူး၏လစ်ဘရယ်အမျိုးသားညွှန့်ပေါင်းအစိုးရနှင့် အဓိကအတိုက်အခံ လေဘာပါတီတို့က လိင်တူလက်ထပ်မှုကို အသိအမှတ်ပြုသည့် ဥပဒေကြမ်းကို ဒီဇင်ဘာ ရ နောက်ဆုံးထား အတည်ပြုပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဥပဒေကြမ်းကို အတည်ပြုလိုက်ပါက သြစတြေးလျသည် လိင်တူလက်ထပ်မှုကို ဥပဒေဖြင့် အတည်ပြုပေးသည့် ၂၆ နိုင်ငံမြောက် နိုင်ငံဖြစ်လာမည်ဖြစ်သည်။ သြစတြေးလျရှိ ပြည်နယ်တချို့သည် ၁၉၉၇ ခုှနှစ်အထိ လိင်တူလက်ထပ်မှုကို တရားဥပဒေချိုးဖောက်သော လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့သည်။

“လိင်တူလက်ထပ်မှုဆိုတာ အခြေခံတရားမျှတမှုပဲ၊ လူ့အဖွဲ့အစည်းဟာ လွတ်လပ်မှုနဲ့တန်းတူညီမျှမှုကို အားပေးရပါမယ်၊ ဒါမှသာ လိင်တူချစ်သူတွေ လွတ်လပ်စွာလက်ထပ်ခွင့်ရမှာပါ” ဟု တန်းဘူးလ်က ဒီဇင်ဘာ ၄ ရက်တွင်ပြောဆိုခဲ့သည်။ စာတိုက်မှတစ်ဆင့် မဲပေးမှုပြုလုပ်မှုတွင် မဲပေးခွင့်ရှိသူ ၈၀ ရာခိုင်နှုန်း မဲထည့်ခဲ့ကြသည်။

Source:Reuters

ရိုးမြေ

ပုံစာ။လက်ထပ်ခွင့်တောင်းခဲ့သည့် လွှတ်တော်အမတ် တင်မ်ဝီလ်ဆင်။

Leave a Reply