မိန်းမ ခိုးလာသော ရည်စားဟောင်းကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

0
188

မန္တလေး၊ မတ် ၁၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရှောက်တောရွာတွင် မိန်းမခိုးလာသည့် ရည်စားဟောင်းကို ဓါးဖြင့်ထိုးသတ်မှုတစ်ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဝမ်းတွင်းမြို့၊မြို့မဈေးတွင် ဈေးရောင်းနေသည့် မမာမာအောင် (၂၄) နှစ်ကို လွန်ခဲ့သည့် လေးနှစ်ခန့်က ချစ်သူဖြစ်ခဲ့ဖူးသည့် ဘုန်းခန့်ကျော် (ခ) ဘုန်းကျော် (၂၂) နှစ်မှ မိန်းမခိုးလာသည့်အတွက် နှစ်ဦးသဘောတူ စာချုပ်၏ အသိသက်သေနေရာတွင် လက်မှတ်ထိုးပေးရန်ခေါ်ခဲ့သည်။ ထို့နောက် မမာမာအောင် သည် ရွာသို့ ပြန်လာပြီး ဘုန်းခန့်ကျော် (ခ) ဘုန်းကျော်နှင့် ခိုးရာလိုက်ပါလာသူ မပပလှိုင် (၂၁) နှစ် တို့ကို လိုက်လံရှာဖွေခဲ့ရာ ၄င်းတို့မှာ တစ်ရွာတည်းနေ ရှိုင်းအောင်၏ အိမ်တွင် ရှိနေကာ ယင်းအိမ်ထရံတွင် ထိုးထားသည့် အရိုးအသွား (၈) လက်မခန့်ရှိ ဓါးဖြင့် ဘုန်းခန့်ကျော် (ခ) ဘုန်းကျော် နှင့် ခိုးရာလိုက်ပါလာသူ မပပလှိုင် တို့ကို ထိုးခဲ့ကြောင်း သိရသည်။

ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ဘုန်းခန့်ကျော် (ခ) ဘုန်းကျော် မှာ ကျောကုန်းထိုးသွင်းဒဏ်ရာရရှိပြီး နေရာတွင်ပင် သေဆုံးခဲ့ကာ ခိုးရာလိုက်ပါလာသူ မပပလှိုင် မှာ ဝဲဘက်လက်ဖျံ ထိုးသွင်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဘုန်းခန့်ကျော် (ခ) ဘုန်းကျော်၏ ဖခင်ဖြစ် သူက တိုင်ကြားလာသည့်အတွက် မမာမာအောင်အား ပင်းတလဲရဲစခန်း တွင် (ပ)၃/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

နိုင်လင်းဦး

Leave a Reply