တိုင်းနှင့်​ပြည်​နယ်​ ၃ခုတွင် ​ဒေသခံအစုအဖွဲ့ပိုင်သစ်တောသရုပ်ပြဇုန်​ တည်​​ထောင်​မည်

0
150

ရန်ကုန်၊ မတ်​လ ၁၊၂၀၁၈

Food and Agriculture Organization (FAO)၏ ကူညီထောက်ပံ့မှုဖြင့် တိုင်းနှင့်​ပြည်​နယ်​ ၃ခုတွင်​ ​ ဒေသခံအစုအဖွဲ့ပိုင်​သစ်တော သရုပ်ပြဇုန်​ တည်​​ထောင်​သွားမည်​ဖြစ်​​ကြောင်း သစ်တောဦးစီး ဌာနမှ သိရသည်။

ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်​ ဒေသခံပြည်သူအစုဖွဲ့ပိုင်သစ်တောသရုပ်ပြဇုန်များတည်ထောင်သွားမည်ဖြစ်ပြီး Ecological Zone၊ ဒီရေတောဇုန်၊ တောင်ပေါ်ဒေသဇုန်နှင့်​ Dry ဇုန်​ဟူ၍တည်​​ထောင်သွားမည်​ဖြစ်​​ကြောင်းသစ်တောဦးစီးဌာနလက်​​ထောက် ​ညွှန် ကြား​ရေးမှူး ဦးစိန်​မိုးက ​ပြောသည်​။

“မတူညီတဲ့​နေရာ​တွေမှာ ​ဒေသခံအစုအဖွဲ့ပိုင်​သစ်​​တော သရုပ်​ပြ တည်​​ထောင်​သွားဖို့ Recoftc ကို ဆက်ပြီး FAO က ဌားပြီးတော့ အရှိန် မြှင့်တင်ဖို့အစီစဉ်တွေလည်း ရှိပါတယ် ။ဒါက ရန်ပုံ​ငွေရရှိတဲ့​ပေါ်မူတည်​ပြီး သူတို့အဖွဲ့​တွေရဲ့စိတ်ဝင်စားမှုနဲ့ကျွန်​​တော်တို့ဌာန​တွေရဲ့ဦးစား​ပေးတဲ့​ပေါ်မူတည်​ပြီး​ဆောင်​ရွက်​သွားဖို့ရှိပါတယ်​။”ဟု၎င်းက​ပြောသည်​။

ချင်းပြည်​နယ်​တွင်​ ကန်​ပက်လက်​၊မင်းတပ်​၊ ဧရာဝတီတိုင်း​ဒေသကြီး တွင်​ လပ္ပတ္တာနှင့်​ မန္တ​လေးတိုင်း​ဒေသကြီးတွင်​ ​ညောင်​ဦး၊ ​ကျောက်​ပန်းတောင်း စသည့်​ မတူညီ​သော ​နေရာများတွင်​ ယင်းဇုန်​များကို Recofct အဖွဲ့ အစည်းနှင့်ပူး​ပေါင်းတည်​​ထောင်​သွားမည်​ဖြစ်​သည်​။

အဆိုပါ ဇုန်များကို အခြားတိုင်းဒေသကြီးများမှ စိတ်ဝင်စားမှုရှိပါက လိုအပ် သည် များ ကူညီပံ့ပိုးပေးသွားမည်ဖြစ်သော်လည်း သစ်တောဦးစီးဌာန အနေဖြင့် ရန်ပုံငွေ ကန့်သတ်ချက်အရသစ်ပင်စိုက်ပျိုးခြင်း၊သင်တန်းပေးခြင်း တို့ကိုသာ ပံ့ပိုး ပေးနိုင်ပြီး နိုင်ငံတော်အစိုးရကပံ့ပိုး​ပေးမှသာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မည်​ဖြစ်​​ကြောင်း၎င်းက​ပြောသည်​​။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၌ လက်ရှိအစိုးရလက်ထက်တွင် အထိုက်အလျောက် တိုးတက်ကောင်းမွန်လာသည့် အခြေအနေရှိ၍ ပြည်သူများ ပါဝင်ပူးပေါင်းစီမံအုပ်ချုပ်သည့် သစ်တောစီမံအုပ်ချုပ်ခြင်းကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကြိုးဝိုင်းကနေ အသိအမှတ်​ ပြုလက်မှတ်ရဖို့က ကြိုးဝိုင်းမြေ ဆိုရင် လွယ်တယ်။ နိုင်ငံတော်ရဲ့ မြေယာ စီမံခန့်ခွဲမှု ပါပြီဆိုရင် အခက်အခဲ ရှိတယ်။ ကျွန်တော်တို့ အခု တစ်နိုင်ငံလုံးအနေနဲ့ ကျေးရွာ ၁၀၃ ရွာ လုပ်တဲ့ အထဲမှာ ရှမ်းပြည်နယ်က ကျေးရွာ ၃၀ ပါတယ် ။ အဲ့ဒီ ၃၀ ထဲမှာ ၉ ရွာကျန် တယ်။ အဲ့ဒါက နိုင်ငံတော်မြေယာစီမံခန့်ခွဲမှုထဲ ပါတဲ့အတွက် အသိမှတ်ပြု လက်မှတ်မရသေးပါဘူး။ အဲ့ဒါရရှိဖို့ အခက်အခဲကြုံနေပါတယ်။”ဟု ဒေသခံအစုအဖွဲ့ပိုင်သစ်​​တော ​ဆောင်ရွက်မှုကို ကူညီဆောင်ရွက်နေသည့်
ညောင်ရွှေမြို့(ရှမ်း/တောင်) အင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ ဝင် ဦးခင်မောင်ဦးက ပြောသည်။

ဒေသခံအစုအဖွဲ့ပိုင် သစ်တော အကောင်အထည်ဖော်ဆောင်ရာ၌ ဒေသလုံခြုံရေးပေါ် မူတည်၍ ရွေးချယ်ခြင်းဖြစ်ပြီး မူဝါဒအရ လက်တွေ့ အကောင်အထည်ဖော် ​ဆောင်ရွက်ရန် သဘောထား ၆ချက်
ရှိ​သော်လည်း ယင်းသဘောထားများကို ပြည်သူလူထု ပူးပေါင်းဆောင် ရွက်မှုမရှိဘဲ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပြည်သူများပူးပေါင်း ပါဝင်မှုနှင့်သာ အရှိန်အဟုန်မြှင့်​​ဆောင်ရွက်နိုင်မည်ဖြစ်​​ကြောင်း​သိရသည်​။

လက်​ရှိတွင်​ ကြိုးဝိုင်းဧရိယာများကို ဒေသခံပြည်သူများ ကာလရှည်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်မြေယာအသုံးချခွင့်နှစ်၃၀ခွင့်ပြု ​ပေးထား
ကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply