နေ့အပူချိန်မြင့်မားမှု နှင့်အတူ မိုးတိမ်တောင်များဖြစ်ပေါ်လျှက် ရှိသဖြင့် မိုးထစ်ချုန်းရွားသွန်းလာနိုင်

0
156

ရန်ကုန်၊မတ်၁၊၂၀၁၈

မြန်မာနိုင်ငံ တစ်ဝှမ်းအပူချိန်၃၆ဒီဂရီမှ၃၇ဒီဂရီအထိ နေ့အပူချိန်များ ယခုလမှစတင်ကာ သိသာစွာတိုးလာနိုင်ခြင်း နှင့်အတူ လေထုအတွင်း ရေငွေ့ပါသောအစိုင်အခဲငယ်များရှိနေသဖြင့်နေ့မွန်းလွဲပိုင်း အချိန်များတွင် မိုးတိမ်တောင်များဖြစ်ပေါ်၍ မိုးထစ်ချုန်းရွာသွန်းနိုင် ဖွယ်များ ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမှသိရသည်။

မြန်မာပြည်အထက်ပိုင်း တွင် နေ့အပူချိန် များအနေဖြင့် ၃၄ဒီဂရီမှ ၃၅ဒီဂရီပမာဏ ရှိနေသဖြင့် လက်ရှိတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးများထက် မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သော တနင်္သာရီ တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး နှင့်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ များတွင်ပိုမိုသောအပူချိန် ကိုသိသာစွာ ခံစားနေကြရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“နောက်ထပ်မတ်လပိုင်းလောက်ကစပြီးတော့နေ့အပူချိန်တွေ ကနည်းနည်း လေး တိုးလာနိုင်တယ်။ ပုံမှန်တော့မတ်လ ၂၁နဲ့၂၂ လောက်မှာ တစ်ဖြည်းဖြည်းနဲ့အပူချိန်တွေတိုးလာတဲ့ အခြေအနေတွေရှိပါတယ်။ ဒီနွေရာသီ ကာလနဲ့ မိုးကြို ကာလတွေမှာ အားကောင်းတဲ့မိုး တိမ်တောင် တွေကြောင့် မိုးထစ်ချုန်းရွာတာတွေ ရှိနိုင်ပါ တယ်။”ဟုမိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးကပြောသည်။

ယခုလအတွင်းတွင် အပူချိန်များသည်ဖြစ်မြဲထက်ပိုနိုင်သော်လည်း မိုးတိမ်တောင်များကြောင့်မိုးအုံ့မှိုင်းမှုများ ဖြစ်ပေါ်ခြင်း အထိုက်အလျှောက် အပူသက်သာခြင်းများရှိမည်ဖြစ်သဖြင့်ယခု၂၀၁၈ခုနှစ်သည် အပူချိန် စံချိန်တင်မည့်နှစ်တစ်နှစ်ဖြစ်မည်မဟုတ်ကြောင်းသိရသည်။

လောလောဆယ်မိုးရွာနေတာလေးတွေရှိတယ်။အဲ့ဒါကသာမာန်နွေနှစ်တွေနဲ့ကွာခြားတဲ့အချက်ပါ အဲ့လိုရွာလိုက်တဲ့အတွက်အပူကို သက်သာစေ တာပေါ့။ ဒါပေမယ့်ရေငွေ့ပါတဲ့ လေတွေဖြစ်တဲ့ အတွက်မိုးတိမ်တောင်က ၀င်လာတယ်။သူကညနေပိုင်းတွေမှာဖြစ်တတ်တာပေါ့ သူက မိုးသက် လေပြင်းကျတယ်။မိုးကြိုးပစ်တယ်ဒါတွေဖြစ်တယ်။ ဟိုတလောက အင်းတော်ကြီးမှာ စက်လှေမှောက်တာက လေပြင်းကျတာ မိုးတိမ်တောင်ကြောင့်ပေါ့အဲ့ဒါလေးတစ်ခုတော့သတိထားဖို့လိုတယ်။
ဒီနှစ်ကမိုးစောစောရွာတာလို့တော့ပြောလို့မရပေမယ့်။အချိန်ခါမဟုတ်ရွာတဲ့မိုးလေးတွေရှိတာတော့ ပြောလို့ရတာပေါ့။”ဟု မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ကပြောသည်။

အများပြည်သူများအနေဖြင့် သိသိသာသာခံစားလာရသော အပူချိန် အန္တရာယ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကထုတ်ပြန် ထားသော အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များ အတိုင်းဆောင်ရန် ရှောင်ရန်များကို မိမိတို့ကျန်းမာရေးအတွက် ဂရုစိုက်လိုက်နာနေထိုင် သင့်ကြောင်းနှင့် မိုးတိမ်တောင် ကြောင့် မိုးကြိုးပစ်ခြင်း၊လေပြင်းများ ကျရောက်ခြင်းဖြစ်နိုင်သဖြင့် သတိပြုကြရန်လိုအပ်ကြောင်းသိရသည်။

မေစု

Leave a Reply