ဘိုင်ယန်မြူးနစ်၏ အနာဂတ်အစီအစဉ်တွင် ဂျိမ်းရိုဒရီကွက် မပါဝင်ကြောင်း ဂျက်ဟေးနက် ဆို

0
185

မတ် ၁ ၊ ၂၀၁၈

ယခုနှစ်ဘောလုံးရာသီတွင် စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းမှ ဘိုင်ယန်မြူးနစ်သို့ (၂) နှစ် အငှားစာချုပ်ဖြင့် လာရောက် ကစားနေသော ဂျိမ်းရိုဒရီကွက်သည် ဘိုင်ယန်မြူးနစ်အသင်း၏ အနာဂတ်အစီအစဉ်တွင် ပါဝင်မှာ မဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်နည်းပြ ဂျက်ဟေးနက်က ဆိုပါတယ်။

ဂျိမ်းရိုဒရီကွက်ဟာ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း အန်ဆယ်လော့တီရဲ့ လက်ထက်မှာ ဘိုင်ယန်မြူးနစ်ကို စတင်ရောက်ရှိခဲ့ပြီး ဒဏ်ရာပြသနာ များကြောင့် ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့ပါတယ်။ ယခုအချိန်မှာတော့ သူဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျိမ်းရိုဒရီကွက်ကို တရားဝင်ခေါ်ယူဖို့ အစီအစဉ်ရှိသော်လည်း စာချုပ်ပါ အချက်အလက်တွေအရ ပြောင်းရွှေ့ကြေးမှာ အခက်အခဲ ဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ်တို့ဟာ အာဂျန်ရော်ဘင်နဲ့ ရီဘာရီတို့ အနားယူသွားချိန်မှာ အသင်းရဲ့ ကွင်းလယ်ကို ဂျိမ်းရိုဒရီကွက်နဲ့ အင်အားဖြည့်ဖို့ စိတ်ကူးခဲ့ကြပါတယ်။ သို့သော်လည်း တရားဝင်စာချုပ်ပါအချက်တွေအရ ပြောင်းရွှေ့ကြေးကို ပိုမိုပေးချေရမယ့် အနေအထားတွေ ရှိနေခဲ့ပါတယ်။

ဂျိမ်းရိုဒရီကွက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပါတယ်။

NN

Leave a Reply