လာမယ့်နှစ်တွင် ချန်ပီယံလိဂ်ပွဲစဉ်များ အချိန်ဇယား ပြောင်းလဲမည်

0
163

မတ် ၁ ၊ ၂၀၁၈

ချန်ပီယံလိဂ်ပွဲစဉ်များရဲ့ အချိန်ဇယားကို ၂၀၁၈ -၁၉ ဘောလုံးရာသီမှာ အပြောင်းအလဲများ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ပြောင်းလဲမှုအရ ညနေ ၅ နာရီ ၅၅ မိနစ်မှ ည ၈ နာရီအတွင်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အင်္ဂလန်ကလပ်အ သင်းတွေရဲ့ အခက်အခဲကြောင့် အပါအ၀င် လာလီဂါ စီးရီးအေ နဲ့ ဘွန်ဒက်လီဂါ အသင်းတွေအတွက် အဓိက ပြောင်းလဲရခြင်း ဖြစ်တယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်တွေကို ယခင်က ည ၇ နာရီ ၄၅ မိနစ်မှာ စတင်ယှဉ်ပြိုင် စေခဲ့ပြီး ယခုအခါ ညနေ ၅နာရီ ၅၅ မိနစ်မှ ည ၈နာရီအတွင်း ယှဉ်ပြိုင်ဖို့ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ၀င်ခွင့်တွေကိုလည်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ ယခုလက်ရှိမှာ အသင်းပေါင်း ၂၂ ကို ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ တိုက်ရိုက်ဝင်ရောက်ခွင့် ပြုထားပြီး လာမယ့်နှစ်မှာတော့ အသင်းပေါင်း ၂၆ အသင်းအထိ အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

စည်းမျဉ်းအသစ်အရ အင်္ဂလန် ၊ အီတလီ ၊ ဂျာမနီ ၊ စပိန် စတဲ့ လေးနိုင်ငံမှ ထိပ်ဆုံးလေးသင်းဟာ ချန်ပီယံလိဂ်ကို တိုက်ရိုက် ၀င်ရောက်ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။အဆိုပါအစီအစဉ်အသစ်မှာတော့ ပြင်သစ် ၊ ရုရှား ၊ ပေါ်တူဂီ ၊ ယူကရိန်း ၊ ဘယ်လ်ဂျီယံ ၊ တူရကီ တို့ကတော့ ယခင်အတိုင်းပဲ ကစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် ချန်ပီယံနဲ့ ယူရိုပါလိဂ် ချန်ပီယံတို့ဟာလည်း ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ ခြေစစ်ပွဲ ကစားဖို့ မလိုပဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်တွေ ပါဝင်နေပါတယ်။

NN

Leave a Reply