မဲခေါင်မီနီရုပ်ရှင်ပွဲတော်တွင် ၅၄စက္ကန့်စာ ရုပ်ရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်

0
172

ရန်ကုန်၊ မတ်​လ ၃၊၂၀၁၈

မဲခေါင်ဒေသခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ​ဆောင်ရွက်သည့် Mekong Mini Movie Festival 2018တွင် မဲခေါင်ဒေသခရီးသွား လာမှု များနှင့်ပတ်သက်သည့် ၅၄စက္ကန့်စာ Mini Movie များဖြင့် မြန်မာနိုင်ငံမှ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းမြန်မာနိုင်ငံခရီးသွား
လုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းမှ သိရသည်။

Mekong Mini Movie Festival 2018 ပြိုင်ပွဲတွင် တရုတ်၊ ကမ္ဘောဒီး ယား၊လာအို၊ မြန်​မာ၊ဗီယက်နမ်နှင့်​ထိုင်း စသည့် မဲ​ခေါင်​မြစ်​ဝှမ်းတ​တစ်လျှောက်​ရှိနိုင်ငံများမှ ပူး​ပေါင်း၍ နိုင်ငံအတွင်း ခရီးသွားဈေးကွက် မြှင့်တင် ဖော်ဆောင်ရေးအတွက် ရည်​ရွယ်​ပြုလုပ်​ခြင်းဖြစ်​​ကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်း ဈေးကွက်မြင့် တင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးသွင်ကပြောသည်။

ထိုသို့ဝင်​​ရောက်​ယှဉ်​ပြိုင်​ရာ၌ မိမိတို့ကိုယ်ပိုင်​ လူမှုကွန်​ရက် ​စာမျက်နှာ တွင်#MekongMoments သို့မဟုတ်​ #Mini နှင့်​မိမိတင်​မည့်​​နိုင်​ငံ၊​ဒေသ #Myanmar ဟူ၍ တင်​လိုက်​ရုံဖြင့်​ ပြိုင်​ပွဲသို့ ဝင်​​ရောက်​ယှဉ်​ပြိုင်​ပြီးသားဖြစ်​ကြောင်းသိရသည်​။

“ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်က အရမ်းလွယ်ကူပါတယ်၊ ကျွန်တော်တို့ ဆီမှာရှိတဲ့ လူတော်တော်များများက လူမှုကွန်ရက်တွေကို နေ့တိုင်း အသုံးပြု နေကြတာဖြစ်တယ်၊ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ၅၄စက္ကန့်စာ short movie တင်ပေးရမှာဖြစ်ပါတယ်။ “ဟု ၎င်းက​ပြောသည်​။

မီနီရုပ်ရှင်များကို ယှဉ်ပြိုင်နိုင်သည့် လူမှုကွန်ရက်စာမျက်နှာအနေဖြင့် twitter ၊ Youtube နှင့်​ Instagram တို့ကို အဓိကသတ်​မှတ်​ထားကာ တခြားဆိုရှယ်မီဒီယာများတွင်လည်း မဲခေါင် ခရီးသွားဒေသနှင့်ပတ်သက် သည့် Movieများကို တင်​နို​င်​​ပြီး မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်နိုင်စေရေးအတွက် ပါဝင်ယှဉ်ပြိုင်သူ ဦးရေ များပြားလာစေရန် လိုအပ်ကြောင်း ဦးမျိုးသွင်​က​​ပြောသည်​။

အဆိုပါပြိုင်ပွဲအတွက် Counteryနှင့်Grand Prizeအမျိုးအစားနှစ်မျိုး ခွဲခြား၍ဆုပေးရွေးချယ်သွားမည်ဖြစ်ပြီး ဆုရွေးချယ်မှုအပိုင်းတွင်​ နိုင်ငံ အလိုက် သက်ဆိုင်ရာခရီးသွားဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပါဝင် အကဲဖြတ်ကြမည်​ဖြစ်​သည်​။

ထို့ပြင်​ Countryအမျိုးအစားအတွက် ဆုကို ၂၀၁၈ခုနှစ် ဇွန်​လအတွင်း ထိုင်းနိုင်ငံတွင်ကျင်းပမည့် Mekong Tourismပွဲတွင် ဆုချီးမြှင့်​​ပေး သွားမည်​ဖြစ်​ပြီး Grand Prize ဆုရရှိသူများကို ၂၀၁၉ခုနှစ်တွင်ပြုလုပ် မည့် Asian Tourism Forum 2019တွင် ဆုချီးမြှင့်​သွားမည်​ဖြစ်​​သည်​။

မဲခေါင်မီနီရုပ်ရှင်ပွဲတော်ပြိုင်ပွဲနှင့်သက်ဆိုင်သည့် အချက်လက်များကို အသေးစိတ်သိရှိလိုပါက www.MekongMoments.com/minis သို့မဟုတ် www.MekongMinis.com သို့ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply