ဘရာဇီးတွင် ခွဲစိတ်မှု ခံယူမယ့် နေမာ

0
148

မတ် ၁ ၊ ၂၀၁၈

PSG အသင်းရဲ့ တိုက်စစ်မှူး နေမာဟာ သူ့ရဲ့ ညာဘက် ခြေကျင်းဝတ် ဒဏ်ရာအတွက် ဘရာဇီးနိုင်ငံကို ပြန်ပြီး ခွဲစိတ်ကုသမှု ခံယူနေပြီ ဖြစ်ပါတယ်။

မာဆေးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အဆိုပါ ဒဏ်ရာကြောင့် နေမာဟာ ဘောလုံး ကစားခြင်းကို ၆ ပတ်ခန့် အနားယူရမှာ ဖြစ်ပါတယ်။ PSG အသင်းကလည်း နေမာရဲ့ ဒဏ်ရာကို ယခုတစ်ပတ်အတွင်း ဘရာဇီးနိုင်ငံမှာ ခွဲစိတ်ကုသမှု ခံယူမယ်လို့ အတည်ပြုထားပါတယ်။

ဘရာဇီးဘောလုံးအသင်းရဲ့ ဆေးအဖွဲ့ဟာ နေမာရဲ့ ဒဏ်ရာအတွက် PSG အသင်းနဲ့ ချိတ်ဆက်ခဲ့ပြီး ယခုတစ်ပတ်အတွင်း ဘရာဇီးကို ပြန်ခေါ်ကာ ခွဲစိတ်ဖို့ စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။

နေမာဟာ အဆိုပါ ခွဲစိတ်မှုကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်ဖြစ်သော PSG – ရီးရဲမက်ဒရစ် ပွဲကို ပါဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

NN

Leave a Reply