ေတာင္ကိုရီးယားအေနာက္ဘက္ကမ္းလြန္၌ ငါးဖမ္းစက္ေလွႏွင့္ ေရနံတင္သေဘၤာတိုက္မႈျဖစ္ပြား၊ ၁၃ ဦးခန႔္ေသဆံုး။

0
219

ဆုိးလ္ ဒီဇင္ဘာ ၄။

ေတာင္ကိုရီးယားႏိုင္ငံ အေနာက္ဘက္ကမ္း႐ိုးတန္းကမ္းလြန္၌ ငါးဖမ္းစက္ေလွတစ္စင္းႏွင့္အေလးခ်ိန္၃၃၆တန္ရွိေသာ ေရနံတင္သေဘၤာတစ္စင္းတို႔တိုက္မိမႈေၾကာင့္လူ၁၃ဦးထက္မနည္း ေသဆံုးခဲ့ေၾကာင္း ေတာင္ကိုရီးယားကမ္းေျခေစာင့္တပ္ကေျပာဆုိခဲ့သည္။

ႏွစ္ဦးေပ်ာက္ဆံုးေနဆဲျဖစ္ၿပီးရွာေဖြမႈမ်ားကိုဆက္လက္ျပဳလုပ္ေနဆဲျဖစ္ေၾကာင္း ကမ္းေျခေစာင့္တပ္ကေျပာဆုိခဲ့သည္။ ငါးဖမ္းစက္ေလွဆြန္ခ်န္း-၁ သည္ အေပ်ာ္တမ္းငါးဖမ္းခရီးစဥ္အျဖစ္ ခရီးသည္ ၂၀ ဦးႏွင့္ စက္ေလွအမႈထမ္း ႏွစ္ဦးတုိ႔ကိုတင္ေဆာင္လာခဲ့ျခင္းျဖစ္ၿပီး ေရနံတင္သေဘၤာႏွင့္ တိုက္မိၿပီးေနာက္ တိမ္းေမွာက္နစ္ျမဳပ္ခဲ့သည္။

ယြန္ဟြန္ကၽြန္းနားအင္ခၽြန္အေနာက္ေတာင္ဘက္တြင္နစ္ျမဳပ္ခဲ့ျခင္းျဖစ္ၿပီး
ေရတပ္သံုးရဟတ္ယာဥ္မ်ားႏွင့္ သေဘၤာမ်ားစြာတို႔႔ျဖင့္ ရွာေဖြ မႈမ်ားကုိျပဳလုပ္ေနသည္။လူခုနစ္ဦးကို ေဆး႐ုံသို႔တင္ပို႔လိုက္ၿပီျဖစ္သည္။ အေလးခ်ိန္၁၀တန္ရွိေသာငါးဖမ္းသေဘၤာငယ္၏ကပၸတိန္သည္လည္းေပ်ာက္ဆံုးေနဆဲျဖစ္ေၾကာင္းေအအက္ဖ္ပီသတင္းဌာနကေဖာ္ျပခဲ့သည္။ ေရနံတင္သေဘၤာေပၚတြင္ လိုက္ပါလာသူမ်ား ဒဏ္ရာရရွိျခင္းမရွိခဲ့ေခ်။

ငါးဖမ္းစက္ေလွ ဆိပ္ကမ္းမွ ထြက္ခြာၿပီး ကိုးမိနစ္အၾကာ ေရယာဥ္ႏွစ္စင္း တံတားတစ္ခုေအာက္မွ ျဖတ္သန္းခ်ိန္တြင္တိုက္မိမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားရွိ ယြန္ဟတ္သတင္းဌာနကေဖာ္ျပခဲ့သည္။

ရာသီဥတုဆိုးရြားျခင္း၊အခ်ိန္မတုိင္မီဆိပ္ကမ္းမွထြက္ခြာျခင္းအစရွိသည့္ ျပႆနာမ်ားမရွိခဲ့ေၾကာင္းကမ္းေျခေစာင့္တပ္မွတာဝန္ရွိသူတစ္ဦးကေျပာဆုိ
ခဲ့သည္။

၂၀၁၅ ခုႏွစ္တြင္ ဂ်ဲ႕ဂ်ဴးကၽြန္းနား၌ အေပ်ာ္ငါးဖမ္းဖရီးထြက္ရင္း သေဘၤာငယ္တိမ္းေမွာက္မႈေၾကာင့္ လူ ၁၅ ဦးေသဆံုးခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ နစ္ျမဳပ္ငါးဖမ္းစက္ေလွႏွင့္အတူ ေရငုပ္သမားမ်ားအားေတြ႕ရစဥ္။

 

ဆိုးလ် ဒီဇင်ဘာ ၄။

တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကမ်းလွန်၌ ငါးဖမ်းစက်လှေတစ်စင်းနှင့်အလေးချိန်၃၃၆တန်ရှိသော ရေနံတင်သင်္ဘောတစ်စင်းတို့တိုက်မိမှုကြောင့်လူ၁၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားကမ်းခြေစောင့်တပ်ကပြောဆိုခဲ့သည်။

နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ပြီးရှာဖွေမှုများကိုဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ကပြောဆိုခဲ့သည်။ ငါးဖမ်းစက်လှေဆွန်ချန်း-၁ သည် အပျော်တမ်းငါးဖမ်းခရီးစဉ်အဖြစ် ခရီးသည် ၂၀ ဦးနှင့် စက်လှေအမှုထမ်း နှစ်ဦးတို့ကိုတင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ရေနံတင်သင်္ဘောနှင့် တိုက်မိပြီးနောက် တိမ်းမှောက်နစ်မြုပ်ခဲ့သည်။

ယွန်ဟွန်ကျွန်းနားအင်ချွန်အနောက်တောင်ဘက်တွင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး
ရေတပ်သုံးရဟတ်ယာဉ်များနှင့် သင်္ဘောများစွာတို့့ဖြင့် ရှာဖွေ မှုများကိုပြုလုပ်နေသည်။လူခုနစ်ဦးကို ဆေးရုံသို့တင်ပို့လိုက်ပြီဖြစ်သည်။ အလေးချိန်၁၀တန်ရှိသောငါးဖမ်းသင်္ဘောငယ်၏ကပ္ပတိန်သည်လည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်းအေအက်ဖ်ပီသတင်းဌာနကဖော်ပြခဲ့သည်။ ရေနံတင်သင်္ဘောပေါ်တွင် လိုက်ပါလာသူများ ဒဏ်ရာရရှိခြင်းမရှိခဲ့ချေ။

ငါးဖမ်းစက်လှေ ဆိပ်ကမ်းမှ ထွက်ခွာပြီး ကိုးမိနစ်အကြာ ရေယာဉ်နှစ်စင်း တံတားတစ်ခုအောက်မှ ဖြတ်သန်းချိန်တွင်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားရှိ ယွန်ဟတ်သတင်းဌာနကဖော်ပြခဲ့သည်။

ရာသီဥတုဆိုးရွားခြင်း၊အချိန်မတိုင်မီဆိပ်ကမ်းမှထွက်ခွာခြင်းအစရှိသည့် ပြဿနာများမရှိခဲ့ကြောင်းကမ်းခြေစောင့်တပ်မှတာဝန်ရှိသူတစ်ဦးကပြောဆို
ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဂျဲ့ဂျူးကျွန်းနား၌ အပျော်ငါးဖမ်းဖရီးထွက်ရင်း သင်္ဘောငယ်တိမ်းမှောက်မှုကြောင့် လူ ၁၅ ဦးသေဆုံးခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ နစ်မြုပ်ငါးဖမ်းစက်လှေနှင့်အတူ ရေငုပ်သမားများအားတွေ့ရစဉ်။

Leave a Reply