ဆီဆာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ အမျိုးသမီးများ လိင်အနိုင်ကျင့် ခံနေရမှု ကိုသရုပ်ဆောင်များကအဖြူရောင်ဖဲပြားများချိတ်ပြီးဆန္ဒထုတ်ဖော်

0
159

ပါရီ မတ် ၃

ပြင်သစ်နိုင်ငံ ပါရီမြို့၌ မတ် ၂ ရက်တွင် ပြုလုပ်ခဲ့သည့် ပြင်သစ် အော်စကာ ဟု နာမည်ရထားသော ဆီဆာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင်များသည် အမျိုးသမီးများ လိင်ပိုင်းအနိုင်ကျင့် ခံနေရခြင်းကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အဖြူရောင် ဖဲပြားများကို ချိတ်ပြီး တက်ရောက်ခဲ့ကြသည်။

ယခုနှစ်တွင် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ အမျိုးသမီးများ လိင်ပိုင်း အနိုင် ကျင့် ခံနေရမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု #MeToo နှင့်ပတ်သက်သည် များသာ အဓိကလွှမ်းမိုးထားခဲ့သည်။
နာမည်ကျော်သရုပ်ဆောင်များဖြစ်သည့် မာရီယွန်ကော်တီးလာ့နှင့် ပနဲလိုပီခရုဇ်တို့သည် အဖြူရောင်ဖဲပြားများကို ချိတ်ပြီး တက်ရောက် ခဲ့ကြသည်။

“အဖြူရောင်ဖဲပြားကိုချိတ်ထားတာဟာ ကျွန်မတို့ပြင်သစ်တွေအတွက် ညီညွှတ်ကြောင်းပြတာပါပဲ” ဟု ပြင်သစ်သရုပ်ဆောင် ဂျူလီဂါယက် ကပြောဆိုခဲ့သည်။ အမျိုးသမီးတွေကို ထုတ်ဖော်ပြောဆိုခွင့်ပေးရမယ်၊ အမျိုးသားတွေရဲ့ အပြုအမူတချို့ကို လက်မခံနိုင်ဘူးဆိုတဲ့ လှုပ်ရှားမှု ရှိနေပါပြီ” ဟု အစီအစဉ်တင်ဆက်သူ ဟာသသရုပ်ဆောင် မာနူးပါယတ် ကပြောဆိုခဲ့သည်။

ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိုင်စတိုင်း သရုပ်ဆောင် များအပါအဝင် အမျိုးသမီးများစွာတို့အား လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း ယမန်နှစ်တွင် ထုတ်ဖော်ခံခဲ့ရပြီးနောက် #MeToo လှုပ်ရှားမှု ရှိလာခဲ့သည်။ ရုပ်ရှင်လုပ်ငန်းနယ်ပယ်ရှိ သရုပ်ဆောင်များသာမက အခြားအမျိုးသမီးများပါ သြဇာကြီးမားသော အမျိုးသားများ၏ လိင်ပိုင်း အနိုင်ကျင့်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။

ဂိုးဒင်းဂလုပ်နှင့် ဗြိတိသျှဘက်ဖ်တာဆုချီးမြှင့်ပွဲများကဲ့သို့ နာမည်ကျော် အခမ်းအနားများတွင် သရုပ်ဆောင်များနှင့် ဒါရိုက်တာများသည် #MeToo လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသည့်အနေဖြင့် အနက်ရောင်များ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

အမျိုးသမီးများ အကြမ်းဖက်ခံနေရခြင်းကို ဆန့်ကျင်ကြောင်း ပြသရန် ပြင်သစ်နွယ်ဖွား အမေရိကန်နိုင်ငံသား သရုပ်ဆောင်ဖြစ်သလို ဒါရိုက်တာလည်းဖြစ်သည့် တိုနီမာရှယ်က အကြံပြုခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်အကယ်ဒမီ၏ဥက္ကဋ္ဌ အာလင်းတာဇီယံကပြောဆိုခဲ့သည်။

Source:AFP

ရိုးမြေ

Leave a Reply