မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိစ္စရပ်များအတွက် တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

0
163

ရန်ကုန် ၊ မတ် ၃ ၊၂၀၁၈

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကိစ္စရပ်များအတွက် တပ်ရင်းမှူး အဆင့်တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂ရက်နေ့ ကဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း နှစ်နိုင်ငံနယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်းတွင်ပြု လုပ်ခဲ့ကြောင်းသိရသည်။

၅၅မိနစ်တာကြာမြင့်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံနယ် နမိတ်မျဉ်းအနီး တရားမဝင်နေရပ်စွန့်ခွာ နေထိုင်သူများနှင့် ပတ်သက်၍ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်မည့် အစီအမံများ၊ နှစ် နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ရေး တို့ကိုဆွေးနွေး ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာဘက်မှအမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်း နှင့်အဖွဲ့ဝင် ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် (၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနှင့် အဖွဲ့ဝင် ၆ ဦး တက်ရောက်ကြကြောင်း သိရသည်​။

ရခိုင်ဒေသမြောက်ပိုင်းတွင်ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီဦးရေ ၇သိန်းကျော် ထွက်ပြေးလာကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုထားသည်။

ဖေဖော်ဝါရီလအတွင်းက ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဒါကာမြို့တွင် ၀န်ကြီးအဆင့်သွားရောက် ဆွေးနွေးခဲ့ပြီး ထွက်ပြေးလာသူများမှ အိမ်ထောင်စု ၁၆၃၇စုမှ လူဦးရေ ၈၀၃၂ဦး ကိုပထမအသုတ်ဖြင့်လွှဲပြောင်းပေး မည်ဟုဆွေးနွေးခဲ့ပြီး မြန်မာ ဘက်မှစီစစ်​လက်ခံသွားမည်ဟု ​ဆွေး​နွေးခဲ့ပြီး ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​တွင်​​ရောက်​ရှိ​နေသည့်​ ARSAအကြမ်းဖက်​အဖွဲ့ဝင်​များကို ဖမ်းဆီး​ပေးရန်​ ​တောင်းဆိုခဲ့​ကြောင်း သိရသည်။

အဆိုပါဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နယ်စပ်ဆက်ဆံရေးရုံးများကို မြန်မာနိုင်ငံ ဘက်တွင် မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတို့တွင် ဖွင့်လှစ်ခြင်း ကို အမြန်ဆောင် ရွက်သွားရန်ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ကိုဥာဏ်

Photo ; MOI Webportal Myanmar

Leave a Reply