NLD ဒုတိယအကြိမ် လူငယ်ညီလာခံ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

0
185

ရန်ကုန်။ မတ် ၃။ ၂၀၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းလူငယ် ညီလာခံ ကိုယ်စားလှယ်များ စုံညီတွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန်မြို့ ယုဒသန်ခန်းမတွင် နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သည်။

မတ်လ ၂ ရက်နှင့် ၃ ရက်များတွင် ကျင်းပပြုလုပ်ခဲ့သော ယင်းတွေ့ ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အသီးသီးမှ NLD ပါတီဝင် လူငယ်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်း NLD လူငယ်ညီလာခံကျင်းပရန်အတွက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို သင်္ကြန်မတိုင်ခင် ကျင်းပ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သျှင်ရဲထွဋ်

National League For Democracy

Leave a Reply