မြန်မာနိုင်ငံ၏ အကြီးဆုံး သော စကိတ်နှင့် BMX ပြိုင်ပွဲ ကျင်းပမည်

0
173

ရန်ကုန်၊မတ်၃၊၂၀၁၈

“NESCAFÉ Urban Movement” အမည်ဖြင့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော စကိတ်နှင့် BMX စက်ဘီး ပြိုင်ပွဲ များကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ကျင်းပသွားရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံစကိတ်အသင်းမှသိရသည်။

မြန်မာနိုင်ငံ စကိတ်အသင်း၊ မြန်မာနိုင်ငံ BMX ၀ါသနာရှင်များ အသင်းတို့ နှင့်ပူးပေါင်း၍ NESCAFÉ မှ ပံပိုးမှုဖြင့်ကျင်းပသည့်ယင်းပြိုင်ပွဲကို ဧပြီလ၁ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာ့စကိတ် အဖွဲ့ချုပ်နာယက Mr.Eddle Chua မှတာဝန်ရှိသူများနှင့် အတူ တက်ရောက် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

“ပြိုင်ပွဲအတွက်နာမည်စာရင်းပေးသွင်းတာက အရေအတွက် ၁၀၀ကျော်လောက်ရှိနေပါပြီ။ ပြိုင်ပွဲဝင်အနေနဲ့ ကအရေအတွက် ၃၀၀ နီးပါးယှဉ်ပြိုင် နိုင်မယ်လို့ ခန့်မှန်းပါတယ်။” ဟုမြန်မာနိုင်ငံ စကိတ်အဖွဲ့ အစည်းဥက္ကဌ ကိုလွင်လတ်ကပြောသည်။

ပြိုင်ပွဲကိုမည်သူမဆိုပါဝင် ယှဉ်ပြိုင်နိုင်ပြီး စကိတ်အမျိုးအစား၁၀မျိုး နှင့် BMX စက်ဘီးစီးပြိုင်ခြင်း အမျိုးအစား၁မျိုးတို့ကို ထည့်သွင်း ယှဉ်ပြိုင် စေမည်ဖြစ်ရာ ပွဲပြုလုပ်မည့် ကစားကွင်း အား NesCafe က ကျပ်သိန်း၃၀၀ကျော် အကုန်ကျခံ တည်ဆောက်ပေးသွားမည်ဟု သိရသည်။

မေစု

Leave a Reply