ဟိန္ဒူရိုးရာရောင်စုံသင်္ကြန်ရေကစားပွဲတော် (ဟိုလီ) ကျင်းပ

0
161

မန္တလေး၊ မတ် ၃၊ ၂၀၁၈

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက်အတွင်း နှစ်စဉ် တပေါင်းလပြည့်ကျော်ရက်များတွင် ကျင်းပသည့် ဟိန္ဒူရိုးရာရောင်စုံ သင်္ကြန်ရေကစားပွဲတော်ကျင်းပခဲ့သည်။

ဟိန္ဒူ ရိုးရာ(ဟိုလီ)ရောင်စုံရေကစားပွဲတော်ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိဟိန္ဒူဘာသာဝင်များစည်ကားသိုက်မြိုက်စွာကျင်းပကြတာဖြစ်ပြီး ဟိန္ဒူ ဘာသာဝင်များအနေဖြင့် နွေဦးပွဲတော်အဖြစ် သတ်မှတ်ကြသလို ဆောင်းအကုန်နွေအကူး အထိမ်းအမှတ် အဖြစ်လည်း မှတ်ယူကြသည်။

ဟိန္ဒူ ရိုးရာ(ဟိုလီ)ရောင်စုံရေကစားပွဲတော်တွင် စနောက်ကျီဆယ်ပြီး ရောင်စုံအမှုန့်များဖြင့် ပတ်ဖျန်းခြင်းအပြင် စတုဒီတာ အကျွေးအမွေးများလည်း ပါဝင်သည်။

နိုင်လင်းဦး

Leave a Reply