MJN ရုံးခန်းသစ်ဖွင့်လှစ်ရန် အခန်းရှာဖွေနေ

0
142

ရန်ကုန်၊ မတ် ၃။ ၂၀၁၈

မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ရုံးခန်းပြောင်းရွေ့ဖွင့်လှစ်ရန်အတွက် အခန်းရှာဖွေနေကြောင်း မြန်မာဂျာနယ် လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

“ တစ်လအတွင်း ဖယ်ပေးရမယ်ဆိုတော့ အခန်းရှာရမယ်။ ပိုင်ရှင်တွေ ဘက်က ဒီအခန်းမှာ သတင်းစာရှင်းလင်း ပွဲမလုပ်မှ ဆက်ပြီးနေရမယ် ဆိုတော့ ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမှ မကိုက်ညီဘူး။ ဖယ်ဖို့ပဲ ဆုံးဖြတ်လိုက်တာပါ။” ဟု MJN အတွင်းရေးမှူး ဦးမြင့်ကျော်က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

သတင်းမီဒီယာဌာနများ သွားလာရေး အဆင်ပြေသည့် နေရာများတွင် ရှာဖွေနေသော်လည်း ဆူးလေနှင့် ပန်းဆိုတန်းကဲ့သို့သော နေရာများ မဟုတ်ဘဲ မြို့တွင်းနှင့်အနီးဆုံးနေရာများကို အိမ်ခြံမြေအကျိုးဆောင် များမှ တဆင့် ရှာဖွေနေခြင်းဖြစ်သည်ဟုဆိုသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်းအထက်၊ အမှတ် ၁၀၈၊၁၀၂ တတိယထပ်တွင် လက်ရှိဖွင့်လှစ်ထားသည့် MJN ရုံးခန်းတွင် အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲများ၊ သတင်းမီဒီယာနှင့် ပတ်သက်သည့် သင်တန်းများ ပြုလုပ်လေ့ရှိသည်။

အဆိုပါရုံးခန်းကို တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းဖွင့်လှစ်ထားပြီး မတ်လ အကုန်တွင်မှသာ ငှားရမ်းဖွင့်လှစ်ထားသည်မှာ ၃ လ ကြာမြင့်မည်ဖြစ်ပြီး ၉ လစာ ကျန်ငွေကိုလည်း ပြန်လည်ရရှိမည်ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း ပြုလုပ်သည့် “ ဦးဝီရသူအား အရေးယူရန် သံဃာတော်များ နှိုးဆော်ခြင်း သတင်းစာရှင်းပွဲ” ပြုလုပ်ခဲ့ခြင်းနှင့် ပတ် သက်ပြီး MJN ရုံးခန်းကို ဆက်လက်မငှားတော့ကြောင်း တိုက်ခန်း ပိုင်ရှင်က ပြောလာသဖြင့် ရုံးခန်းအသစ်ကို ပြန်လည် ရှာဖွေနေခြင်းဖြစ် သည်။

သျှင်ရဲထွဋ်

Leave a Reply