ပဒုံမ္မာကြာမှရရှိသောရိုးရာလက်မှု ပစ္စည်းများကို အာရှနိုင်ငံ အချို့ မှအော်ဒါ စနစ်ဖြင့်မှာသည်အထိဝယ်ယူလျှက်ရှိဟုဆို

0
168

ရန်ကုန်၊မတ်၃၊၂၀၁၈

ရှမ်းပြည်နယ်တောင်ပိုင်းဒေသထွက်ရိုးရာလက်မှုပစ္စည်းဖြစ်သောပဒုံမ္မာကြာမှရရှိသောချည်မျှင်ဖြင့်ရက်လုပ်သည့်ရိုးရာလက်မှုပစ္စည်းများကိုအာရှနိုင်ငံအချို့မှအော်ဒါစနစ်ဖြင့်မှာယူသည်အထိဝယ်ယူလျှက်ရှိနေကြောင်းသိရသည်။

ကြာချည်ဖြင့် ရက်လုပ်သည့် ပစ္စည်းများအားနိုင်ငံခြားသား အများအပြားက
စိတ်ဝင်တစားဝယ်ယူမှုများ ရှိကြပြီးအာရှဒေသနိုင်ငံများဖြစ်သည့် တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံများမှမြန်မာပြည်အတွင်းတွင်ဝယ်ယူသည့်အပြင် ယင်းနိုင်ငံများမှ တဆင့် အော်ဒါမှာယူမှုများလည်းရှိနေကြောင်း ကြာချည်ဖြင့် ရက်လုပ်သောအသုံးအဆောင်နှင့် အ၀တ်အထည်များသည် ရာသီဥတု အလိုက် အပူအအေး မျှတသဖြင့် ကျန်းမာရေးနှင့်လည်း ညီညွတ်ခြင်း ကြောငနို့်င်ငံခြားခရီးသွားများအထူးစိတ်ဝင်စားလျှက်ရှိကြောင်းသိရသည်။

“နိုင်ငံခြားဧည့်သည်တွေ လာတဲ့အခါကျရင် ရောင်းအား အကောင်းဆုံးက သဘက်လေးတွေ တစ်အားရောင်းကောင်းတယ်။ကြာသင်္ကန်တွေကတော့ ဗုဒ္ဒဘာသာတွေပဲ ၀ယ်တာများကြတယ်။ကြာသင်္ကန်းကတော့ တရုတ်တို့ ဂျပန်တို့ ကိုရီးယားတို့က တော်တော်ဝယ်တယ်။ အော်ဒါလည်း မှာကြတယ်။ နိုင်ငံခြားသားတွေဝင်လာတော့ပုဝါတွေ၊လွယ်အိတ်တွေ၊လက်ပတ်ကြိုးလေးတွေပိုရောင်းရတယ်။သူတို့ကကြာချည်နဲ့လုပ်တာစိတ်ဝင်စားတော့သင်္ကန်းကတော့ဗုဒ္ဒဘာသာမဟုတ်တဲ့အတွက်မသုံးဘူး။မသုံးတဲ့အတွက်လက်ပတ်နဲ့ပုဝါတွေ၊ကြာချည်ကဈေးကြီးတဲ့အတွက်ကြာနဲ့ပိုးနဲ့ရောတာဖျင်နဲ့ ကြာနဲ့ရောပြီးရက်တာတွေကိုရောင်းပေးတယ်။ကြာနဲ့ယက်ထားတဲ့ပိုက်ဆံအိတ်လေးတွေရောင်းတယ်။နောက်ပြီးကြာသင်္ကန်းကိုသုံးမယ်ဆိုရင်တော့ခန္ဒာကိုယ်ရဲ့ အထက်ပိုင်းမှာရှိတဲ့နေရာ တွေအတွက်ပဲ ကျွန်တော်တို့က အသုံးပြုခိုင်းတယ်။ကြာသင်္ကန်းဆိုတာမြင့်မြတ်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ပါ”ဟုတောင်ကြီးမင်္ဂလာဦးလူငယ်အဖွဲ့မှအဖွဲ့ဝင်ကိုအယ်ဇင်ကိုကပြောသည်။

အင်းလေးဒေသ၏ပဒုံမ္မာကြာမှချည်မျှင်ထုတ်လုပ်သည့်လုပ်ငန်းကိုရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့ရှိကြိမ်းခန်းရွာတစ်ခုလုံးကလုပ်ဆောင်ကြပြီးကြာချည်မျှင်တစ်ကျပ်သားလျှင်ဈေးနှုန်းမှာအများဆုံး၃သောင်းမှအနည်းဆုံး၂သောင်းထိရှိပြီး ကြာသင်္ကန်းတစ်စုံလျှင် ဈေးနှုန်း ကျပ်သိန်းချီ ကုန်ကျမှု ရှိကြောင်း၊ ကြာသင်္ကန်းကို ရဟန်းသင်္ဃာတော်များအတွက် ဒွိစုံ၊ ရှမ်း တိုက်ပုံ အကျီင်္၊ ကြာသဘက်၊ ပုဝါ၊ အိတ်အမျိုးမျိုး၊ လက်ကောက် စသည်ဖြင့် လက်မှုပစ္စည်းအမျိုးပေါင်း ၁၀မျိုးအား ထုတ်လုပ်ရောင်းချ ပေးကြောင်း သိရသည်။

“ကြာကဈေးကြီးတော့ ရောလိုက်ခြင်းအားဖြင့် ဈေးက တစ်ဝက်လောက် သက်သာသွားလို့လူမျိုးမရွေးဘာသာမရွေးဝတ်လို့ရအောင်ပိုးချည်နဲ့ရောပြီးသဘက်လေးတွေ၊လည်စည်းနဲ့ပိုက်ဆံအိတ်လေးတွေလည်းလုပ်တော့နှစ်သိန်းတန်ကငါးသောင်းလောက်ဖြစ်သွားတော့လူတိုင်းက၀ယ်နိုင်သွားစေဖို့ထုတ်တာမျိုးလေးတွေလည်းရှိပါတယ်။ အင်းသားတွေ ပွဲနေ့ဆို အထွဋ် အထိပ်အဖြစ်ဝတ်ကြတဲ့ကြာချည်နဲ့ရက်လုပ်တဲ့တိုက်ပုံအကျီဆိုရင်တိုက်ပုံ တစ်ခုကို၆သိန်းခွဲလောက်ကျပါတယ်။ ဈေးကွက်ထဲမှာတော့ ဗုဒ္ဒဘာသာ လူမျိုးအများအပြားကကြာသင်္ကန်းတွေပဲသုံးတယ်။ကြာနဲ့လုပ်တဲ့ပစ္စည်းမှန်သမျှကအေးတယ်။ပူတဲ့ရာသီရောက်ရင်အေးချမ်းတယ်။အေးတဲ့ရာသီ ရောက်ရင်သူကလိုက်ပြီးနွေးပေးတယ်။ရာသီဥတုကိုလိုက်ပြီးပြောင်းပေး
တယ်။သူတို့ရဲ့အသုံးအဆောင်လေးတွေကိုလိုက်ပြီးသုံးပေးမယ်ဆိုရင်
ဘယ်သူပဲဖြစ်ဖြစ်သဘောကျတယ်။နိုင်ငံခြားသားတွေဆိုလည်းဒါကိုကြိုက်
နှစ်သက်ကြပါတယ်”ဟုကြာချည်ဖြင့်ရက်လုပ်သည့် ပစ္စည်းဈေးကွက်နှင့် ပက်သက်ပြီး အင်းလေးဒေသခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပဒုမ္မာကြာသင်္ကန်းယက်လုပ်သည့် လုပ်ငန်း သည်နှစ်ပေါင်း၁၅၀တိုင်ရှိနေပြီဖြစ်ပြီးဂျပန်နိုင်ငံတွင်လည်းအဆိုပါဒေသမှ
လုပ်ငန်းလုပ်ကိုင်သူများ ကိုယ်တိုင်ကြာသင်္ကန်းနှင့် လက်မှု ပစ္စည်းများ ရောင်းချသည့်ဆိုင်ကိုသွားရောက်ဖွင့်လှစ်ထားလျှက်ရှိကြောင်းသိရသည်။

မေစု

ဓာတ်ပုံ – taunggyicherryland

ရန်ကုန်၊မတ်၃၊၂၀၁၈

ရှမ်းပြည်နယ်တောင်ပိုင်းဒေသထွက်ရိုးရာလက်မှုပစ္စည်းဖြစ်သောပဒုံမ္မာကြာမှရရှိသောချည်မျှင်ဖြင့်ရက်လုပ်သည့်ရိုးရာလက်မှုပစ္စည်းများကိုအာရှနိုင်ငံအချို့မှအော်ဒါစနစ်ဖြင့်မှာယူသည်အထိဝယ်ယူလျှက်ရှိနေကြောင်းသိရသည်။

ကြာချည်ဖြင့် ရက်လုပ်သည့် ပစ္စည်းများအားနိုင်ငံခြားသား အများအပြားက
စိတ်ဝင်တစားဝယ်ယူမှုများ ရှိကြပြီးအာရှဒေသနိုင်ငံများဖြစ်သည့် တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံများမှမြန်မာပြည်အတွင်းတွင်ဝယ်ယူသည့်အပြင် ယင်း
နိုင်ငံများမှ တဆင့် အော်ဒါမှာယူမှုများလည်းရှိနေကြောင်း ကြာချည်ဖြင့် ရက်လုပ်သောအသုံးအဆောင်နှင့် အ၀တ်အထည်များသည် ရာသီဥတု အလိုက် အပူအအေး မျှတသဖြင့် ကျန်းမာရေးနှင့်လည်း ညီညွတ်ခြင်း ကြောငနို့်င်ငံခြားခရီးသွားများအထူးစိတ်ဝင်စားလျှက်ရှိကြောင်းသိရသည်။

“နိုင်ငံခြားဧည့်သည်တွေ လာတဲ့အခါကျရင် ရောင်းအား အကောင်းဆုံးက သဘက်လေးတွေ တစ်အားရောင်းကောင်းတယ်။ကြာသင်္ကန်တွေကတော့ ဗုဒ္ဒဘာသာတွေပဲ ၀ယ်တာများကြတယ်။ကြာသင်္ကန်းကတော့ တရုတ်တို့ ဂျပန်တို့ ကိုရီးယားတို့က တော်တော်ဝယ်တယ်။ အော်ဒါလည်း မှာကြတယ်။ နိုင်ငံခြားသားတွေဝင်လာတော့ပုဝါတွေ၊လွယ်အိတ်တွေ၊လက်ပတ်ကြိုး
လေးတွေပိုရောင်းရတယ်။သူတို့ကကြာချည်နဲ့လုပ်တာစိတ်ဝင်စားတော့
သင်္ကန်းကတော့ဗုဒ္ဒဘာသာမဟုတ်တဲ့အတွက်မသုံးဘူး။မသုံးတဲ့အတွက်
လက်ပတ်နဲ့ပုဝါတွေ၊ကြာချည်ကဈေးကြီးတဲ့အတွက်ကြာနဲ့ပိုးနဲ့ရောတာဖျင်နဲ့ ကြာနဲ့ရောပြီးရက်တာတွေကိုရောင်းပေးတယ်။ကြာနဲ့ယက်ထားတဲ့ပိုက်ဆံအိတ်လေးတွေရောင်းတယ်။နောက်ပြီးကြာသင်္ကန်းကိုသုံးမယ်ဆိုရင်တော့ခန္ဒာကိုယ်ရဲ့ အထက်ပိုင်းမှာရှိတဲ့နေရာ တွေအတွက်ပဲ ကျွန်တော်တို့က အသုံးပြုခိုင်းတယ်။ကြာသင်္ကန်းဆိုတာမြင့်မြတ်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ပါ”ဟုတောင်ကြီးမင်္ဂလာဦးလူငယ်အဖွဲ့မှအဖွဲ့ဝင်ကိုအယ်ဇင်ကိုကပြောသည်။

Leave a Reply