မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ဒုတိယအကြိမ် ပယ်ချလိုက်တဲ့ ဖယ်လိုင်နီ

0
136

မတ် ၃ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဖယ်လိုင်နီဟာ စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းလာသော ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ဒုတိယအကြိမ်မြောက် ပယ်ချလိုက်ပါတယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီဟာ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အီတလီစီးရီးအေကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။ ဖယ်လိုင်နီဟာ မန်ယူအသင်းမှာ နှစ်ရှည်စာချုပ်သစ်တစ်ရပ်ကို ထပ်မံချုပ်ဆိုဖို့ ဆန္ဒရှိသော်လည်း ယူနိုက်တက်ဟာ ကာလတို စာချုပ်သာ ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာကြောင့် ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်မှာ ၂၀၁၃ ခုနှစ်မှ စတင်ကစားခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ပွဲပေါင်း ၁၄၀ အထိ ကစားထားသူ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ အောင်မြင်မှုကတော့ FA ဖလား ၊ ကားလင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးရရှိထားပါတယ်။

ဖယ်လိုင်နီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အီတလီ စီးရီးအေကလပ် ရိုးမားကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ယခုလက်ရှိမှာတော့ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဖယ်လိုင်နီရဲ့ အပြောင်းအရွှေ့အတွက် မန်ယူနည်းပြ မော်ရင်ဟိုက ပါးစပ်ပိုက်ပြီး စာချုပ်အသစ် လက်မှတ်ထိုးဖို့ ဖိအားပေးခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။ သူဟာ လွန်ခဲ့တဲ့ တစ်လက စပါးအသင်းကို (၂-၀)နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် နောက်ဆုံးပါဝင် ပွဲထွက်ခဲ့ပါတယ်။

NN

Leave a Reply