မက်ဆီနဲ့အတူတူကစားချင်နေတဲ့ ဘိုင်ယန်မြူးနစ်ကစားသမား

0
166

မတ် ၃ ၊ ၂၀၁၈

ဘိုင်ယန်မြူးနစ်ကစားသမား ဒေးဗစ် အာလာဘာဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ တစ်သင်းထဲမှာ အတူတူ ကစားလိုနေတယ်လို့ ဆွာရက်ဇ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာလာဘာဟာ ဥရောပ ဘောလုံးလောကမှာ အကောင်းဆုံး နောက်ခံလူတစ်ဦးအဖြစ် ရပ်တည်နေပြီး နာမည်ကြီး အသင်းအများစုက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြပါတယ်။ အထူးသဖြင့် ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ဟာ အာလာဘာကို ခေါ်ယူပြီး အသင်းရဲ့ လူစာရင်းကို တိုးချဲ့ဖို့ စီစဉ်နေကြပါတယ်။

စပိန်မီဒီယာတစ်ခုဖြစ်သော Don Balon မှာ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က အာလာဘာနဲ့ ပတ်သက်ပြီး စကားအချို့ကို ပြောခဲ့ပါတယ်။ အာလာဘာဟာ ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာပြီး ဘာစီလိုနာ ကို လာရောက်ပူးပေါင်းလိမ့်မယ်လို့ ဆွာရက်ဇ်က ပြောကြားလိုက်ပါတယ်။

အာလာဘာရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ ကစားသမားဟာ ဘာစီလိုနာက မ၀ယ်လောက်ဘူးလို့ ဆိုထားပြီး ဘိုင်ယန်မြူးနစ် အသင်းဟာလည်း အာလာဘာအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိမှသာ ရောင်းထုတ်ဖွယ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

NN

Leave a Reply