အာစင်ဝင်းဂါးကို ပညာသားပါပါ ကလိလိုက်တဲ့ စပါးနည်းပြ ပိုချက်တိနို

0
157

မတ် ၃ ၊ ၂၀၁၈

ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့နေရမှုကြောင့် အသင်းပရိသတ်တွေက နှုတ်ထွက်ဖို့ ဖိအားပေးခံနေရတဲ့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို စပါးနည်းပြ ပိုချက်တိနိုက ပညာသားပါပါဖြင့် စကားလုံးတိုက်ခိုက်မှုတချို့ ပြုလုပ်လာခဲ့ပါတယ်။

ကလပ်အသင်းတွေရဲ့ ပရိသတ်တွေဟာ ဘောလုံးကလပ်အသင်း တစ်ခုအတွက် ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး ပရိသတ်ဟာ လူတစ်ယောက်ကို ထုတ်ပစ်နိုင်လောက်အောင် စွမ်းဆောင်နိုင်တယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ဆိုလိုက်ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ ပရိသတ်က နှုတ်ထွက် ခိုင်းရင်တောင် မထွက်ဘူးလို့ ဆိုခဲ့ပြီး ယင်းစကားအတွက် စပါးနည်းပြ ပိုချက်တီနိုက နားမလည်နိုင်ဘူးလို့ သုံးသပ်လိုက်ပါတယ်။

ပိုချက်တီနိုဟာ စပါးအသင်းကို အမှတ်ပေးပြိုင်ပွဲမှာ အဆင့်လေး အတွင်း ၀င်နိုင်အောင် ပုံစံကောင်းများ ရရှိအောင် စွမ်းဆောင်ပေးထားပြီး ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အခြေအနေကောင်းတွေ ပိုင်ဆိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ လက်ရှိမှာ အသင်းရဲ့ ရလဒ်ပိုင်းဆိုးဝါးမှုတွေကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး မန်စီးတီး အသင်းကို (၂) ကြိမ်တိုင် ရင်ဆိုင်ရာမှာ ဂိုးဒါဇင်ဝက် အသွင်းခံရပြီး ရှုံးနိမ့်ခဲ့မှုကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။

“ဘောလုံးပွဲက ပြဇာတ်တစ်ပုဒ်မဟုတ်ပါဘူး။ နည်းပြတစ်ယောက်ဟာ အသင်းနဲ့ ပရိသတ်တွေအတွက် ရမှတ်တွေကို ရှာဖွေ ပေးရပါတယ်။ ဒီအလုပ်က ပျော်စရာတော့ မဟုတ်ဘူး ။ အသင်းအတွက် ဘာမှ မလုပ်ပေးနိုင်ရင်တော့ အဝေးကို ရောက်သွားပါလိမ့်မယ်။ ဒါအရမ်းအရေးကြီးပါတယ်။ အသင်းအတွက် အားပေးတဲ့ သူတွေအတွက် အရေးပါပါတယ်။ ကလပ်အသင်းတစ်ခုဟာ အခြားသော လူတစ်ယောက်ထက်ပိုပြီး အရေးပါပါတယ်။ ဒါပေမယ့် ကျွန်တော် လုံးဝ နားမလည်တာ တစ်ခုရှိတယ်။ ရွိုင်ရယ်ဟော့ဆင် ၊ ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့ ဘာကြောင့် အသင်းတစ်သင်းမှာ အကြာကြီး နေခဲ့ကြသလဲဆိုတာ လုံးဝ နားမလည်ဘူး။ ကျွန်တော်သာဆိုရင် အဲ့လောက် မနေဘူး”လို့ ပိုချက်တီနိုက ပြောလိုက်ပါတယ်။

NN

Leave a Reply