ပြန်လည် ပြုပြင်ထားသည့် ပုဂံ ဘုရားတစ်ဆူ ပြိုကျ

0
176

မန္တလေး၊ မတ် ၄၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်အနောက်မြောက်ဘက်အရပ်ရှိ ပုဂံ ဘုရားအမှတ်​ ၁၀၆၆ ဘုရားသည် မတ်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ပေါင်းမိုးကျွံပြီး ပြိုကျခဲ့ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည်။

ပြိုကျခဲ့သောဘုရားမှာ ဂူဘုရားအမျိုးအစားဖြစ်ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း ပြန်လည်ပြုပြင်ထားသည့် ဘုရားဖြစ်ကာ ဘုရားတစ်ဆူလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ခုပြိုကျတဲ့ ဘုရားကဘ၂၀၁၆ ခုနှစ်တုန်းက လှုပ်
ခဲ့တဲ့ ငလျင်လည်း ခံထားရတယ် ။ ဒါကို ထိန်းသိမ်းရေးလုပ်တဲ့အနေနဲ့ သံဘင်းတွေနဲ့ ချုပ်ထားတယ် ။ အပေါ်အမိုးက ဝိတ်နဲ့ ကျွံပြီးကျတော့ ချုပ်ထားတဲ့ဟာတွေလည်း မခံနိုင်တော့ သုံးဘက်စလုံးပွင့်ထွက်ကုန်တယ်။´´ ဟု ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ထိုသို့ပြိုကျပျက်စီးသွားသည့်အတွက် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

နိုင်လင်းဦး

photo – min min aung

Leave a Reply