ကန်​​ဒေါ်လာ ၅သန်း​အောက်​ ​မွေးမြူ​ရေးလုပ်​ငန်း​များ ဝန်​ကြီးဌာန အတည်​ပြုချက်​မလိုဘဲ​ ဆောင်​ရွက်​နိုင်

0
236

ရန်​ကုန်​၊မတ်​လ ၆၊​၂၀၁၈

အ​မေရိကန်​​ဒေါ်လာ ၅သန်း​အောက်​တန်​ဖိုးရှိသည့်​ တိရစ္ဆာန်​​များစီးပွားဖြစ်​မွေးမြူ ထုတ်​လုပ်​​ရောင်းချ ခြင်း​လုပ်​ငန်းများအ​နေဖြင့်​ ဝန်​ကြီးဌာန၏အတည်​ပြုချက်​ရယူရန်မလိုဘဲ လုပ်​ငန်းများ​ဆောင်​ရွက်​နိုင်​​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာနမှ သိရသည်​။

စိုက်​ပျိုး​ရေး၊​မွေးမြူရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီးဌာန၏ အတည်​ပြု ချက်​ရယူဆောင်​ရွက်​ရမည့်​ တိရစ္ဆာန်​​များစီးပွားဖြစ်​မွေးမြူ ထုတ်​လုပ်​​ရောင်းချ ခြင်းလုပ်​ငန်းများကို မတည်​​ငွေရင်း အ​မေရိကန်​​ဒေါ်လာ ၅သန်း (သို့မဟုတ်​) ကျပ်​သန်း ၆၀၀၀ အထက်​ရှိ​သောလုပ်​ငန်းများကို ဆိုလို​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာန၏ ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ဦးသန်း​အောင်​ကျော်​က​ပြောသည်​။

“မွေးမြူ ​ရေးလုပ်​ငန်း​တွေက ဝန်​ကြီးဌာနရဲ့အတည်​ပြု ချက်​နဲ့​ဆောင်​ရွက်​မယ်​ဆို​တော့ ​ဒေါ်လာ ၅သန်း​အောက်​ ၃သိန်းတင်​တာတို့ ၁သန်းပဲလုပ်​တာတို့ကလဲ ​မွေးမြူ ​ရေးဝန်​ကြီးဌာနကို သ​ဘောထားယူ​နေရတဲ့ကိစ္စတစ်​ခုရှိလာတယ်​။အဲ့လိုသ​ဘောထားယူရတယ်​ဆို MICကို မဖြစ်​မ​နေ တင်​ရတယ်​။”ဟု ၎င်းက​ပြောသည်​။

ရင်းနှီးမြှုပ်​နှံမှုလုပ်ငန်းများလုပ်​​ဆောင်ရာ၌ ​မွေးမြူ​ရေးကဏ္ဍကိုလည်း ​ချေး​ငွေ​​များ ရရှိ​အောင်​ စီစဉ်​သလို လွယ်​လွယ်​ကူကူနှင့်​မွေးမြူ နိုင်​​အောင်​ ပြည်​တွင်းစားသုံးမှုဖူလုံရန်​အတွက်​သာမက တန်​ဖိုးမြှင့်​ ထုတ်​ကုန်​​များ ထုတ်​လုပ်​၍ နိုင်​ငံခြားကို တင်​ပို့နိုင်​​​စေရန်​ ​မွေးမြူ ​ရေးလုပ်​ငန်း​များကို ဦးစား​ပေး​ဆောင်​ရွက်​ခဲ့​ကြောင်းသိရသည်​။

“​ တိုင်း​ဒေသကြီး​တွေမှာ တချို့က ​ဒေါ်လာ ၃သန်း​ ၊သိန်း ၂​ထောင်​၊သိန်း ၃​ထောင်​ ဒီ​လောက်​နဲ့လုပ်​မယ့်​လုပ်​ငန်း​တွေရှိလာရင်​ တိုင်း​ဒေသကြီး ရင်း​နှီးမြှုပ်​နှံမှု ​ကော်​မတီ​တွေကပဲ စိစစ်​ပြီးခွင့်​ပြု ဖို့လွယ်​လွယ်​ကူကူနဲ့ ခွင့်​ပြု ​ဆောင်​ရွက်​နိုင်​​အောင်​​ဖြေ​လျှော့​ပေးတဲ့ လုပ်​ငန်းသ​ဘောမျိုးဖြစ်​ပါတယ်​။”ဟု ဦးသန်း​အောင်​​ကျော်​က​ပြောသည်​။

တိုင်း​ဒေသကြီးနှင့်​ ပြည်​နယ်​​များတွင်​လည်း ဝန်​ကြီးဌာန၏ မူဝါဒ​များကို သက်​ဆိုင်​ရာ တိုင်း​ဦးစီးမှူး​ရုံးများရှိ တိရစ္ဆာန်​​မွေးမြူ ​ရေးနှင့်​ ကုသ​ရေး အကြီး ကဲ​များက သိရှိပြီးဖြစ်​​​သည့်​အတွက်​ ကန်​​ဒေါ်လာ ၅သန်း သို့မဟုတ်​ ကျပ်​သန်း ၆၀၀၀ အထက်​ကိုသာ ဝန်​ကြီးဌာန၏ အတည်​ပြုချက် ​ရယူပြီး ယင်းတန်​ဖိုး​အောက်​ကို သက်​ဆိုင်​ရာ တိုင်း​ဒေသကြီးရင်း​နှီးမြှုပ်​နှံမှု​ကော်​မတီမှ စိစစ်​ခွင့်​ပြု ​ဆောင်​ရွက်​နိုင်​​ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply