နွေစပါးအား ယခင်နှစ်ထက် ပိုမိုတိုးချဲ့စိုက်ပျိုးမည်

0
152

နေပြည်တော်၊ မတ် ၆ ၊၂၀၁၈။

မိုးစပါးများအား ရေလုံလောက်စွာ ပေးနိုင်ပြီဖြစ်သဖြင့် နွေစပါးများအား ယခင်နှစ်များထက် ပိုမိုတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

“ယခုနှစ်မှာဆိုရင် ဆည်/တမံများတွင် ရေပိုမိုသိုလှောင်ထားနိုင်သည့် အတွက် မိုးစပါးတွင် အောက်ရေလုံလောက်စွာပေးနိုင်ခဲ့ပြီး နွေစပါးကို ယခင်နှစ်များထက် ပိုမိုတိုးချဲ့စိုက်ပျိုးသွားနိုင်မယ် လို့ခန့်မှန်းသုံးသပ်နိုင် ပါတယ်။ ယနေ့ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေး အန္တရာယ် နှင့်ကြုံတွေ့ပါက စားနပ်ရိက္ခာ မလုံလောက်မှု အန္တရာယ် က ​ကျော်လွှားနိုင်ရေးနှင့်​ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအား ကောင်းရေးတို့ကို အလေးထားထည့်သွင်း ဆောင်ရွက်လျှက်ရှိပါတယ်ဟု ဒေါက်တာ အောင်သူက ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC 2)တွင် မတ်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စပါး ကဏ္ဍဖွံ့ဖြိုးရေးနှီှးောဖလှယ်ဆွေးနွေးပွဲ-၂၀၁၈ တွင် ပြည်ထောင်စု ၀န်ကြီးမှ မိန့်ခွန်းတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်နည်းပညာပံ့ပိုးခြင်းအပြင် မျိုးစေ့ထုတ် လုပ်ငန်းတွင် လိုအပ်သည့် စက်ကိရိယာများ၊ အခြောက်ခံ စက်များ၊ မျိုးစေ့သိုလှောင်ရုံနှင့် ထုပ်ပိုးစက်များအား မျိုးစေ့ထုတ်အသင်းအဖွဲ့နှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်သူများအတွက် အလွယ်တကူ ၀ယ်ယူ အသုံးပြုနိုင်ရန် နိုင်ငံတကာ လယ်ယာသုံး စက်ကိရိယာ အရောင်း ကုမ္ပဏီများ ၊ပြည်တွင်းအရောင်းစင်တာများနှင့် ချိတ်ဆက်ဆာင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် မြေယာပြုပြင်ခြင်း၊စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်မိရိုးဖလာ လုပ်ကွက်ငယ်လယ်မြေများကို စက်မှုလယ်ယာစနစ်တကျ ဧကလုပ်ကွက် ဖော်ထုတ်ခြင်းလုပ်ငန်းများကို ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲကြိုးပမ်းလျှက် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖော်ဆောင်ပေးလျှက်ရှိကြောင်းလည်း ဒေါက်တာအောင်သူက ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှော ဖလှယ်ဆွေးနွေးပွဲ-၂၀၁၈ တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အခြေခံရည်ညွှန်း စပါးဈေးနှုန်းအတိုင်းရောင်းဝယ်ရေးနှင့်ပတ်သက်သည့် စပါးတင်း ၁၀၀ လျှင် ကျပ်ငွေ ၅ သိန်းဈေးနှုန်းအားအခြေခံ၍ ၀ယ်ယူပေးရန်ထုတ်ပြန်ချက်အား ထုတ်ပြန်ကြေညာခဲ့သည်​။

မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ယခင်နှစ် မိုးစပါးစိုက်ဧက (၁၅) သန်းကျော်၊ ပျှမ်းမျှအထွက်နှုန်း (၇၃ ဒသမ ၃၂) တင်းနှုန်းဖြင့် အထွက် တင်းသန်းပေါင်း(၁၀၉၉) တင်းကျော်၊ နွေစပါးစိုက်ဧက (၂ ဒသမ ၄)သန်းကျော်မှ ပျှမ်းမျှအထွက်နှုန်း (၉၂ ဒသမ ၇၃) တင်းနှုန်းဖြင့် အထွက်တင်းသန်းပေါင်း(၂၂၇) တင်းကျော် ထွက်ရှိခဲ့ပြီး စုစုပေါင်း စပါးအထွက်တင်းသန်းပေါင်း (၁၃၂၆) ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိလူဦးရေအရ ဖူလုံမှုရာခိုင်နှုန်း(၁၆၀) ရာခိုင်နှုန်းကျော် ရှိနေကြောင်းလည်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစု
ကြည်၊ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုလွှတ်တော်ဥပဒေကိစ္စရပ်
နှင့် လေ့လာစမ်းစစ်ရေး ​ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း၊ ဒုတိယ ၀န်ကြီးများ၊ကုန်သည်နှင့်စက်မှုလက်မှုမှ တာဝန်ရှိသူများ၊ ဆန်စပါး အသင်း ချုပ်မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်​​ရောက်​ခဲ့ကြသည်​။

ယဉ်​​ကေနွယ်

Leave a Reply