ရန်ကုန်သို့ပို့ပေးမည့် ဘင်္ဂါလီ ၇ ဦးပါ ယာဉ်ကို ဖမ်းဆီး

0
181

ရန်ကုန်။ မတ် ၆။ ၂၀၁၈

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့သွားမည့် ဘင်္ဂါလီ (၇)ဦးကို သယ်ဆောင်လာသည့် ယာဉ်အား ယနေ့ နံနက်(၅)နာရီအချိန်ခန့်၌ မကွေးတိုင်းဒေသကြီး ပုသိမ်-မုံရွာလမ်းတွင် ဖမ်းဆီးရမိကြောင်း ရေနံမ နယ်မြေရဲစခန်းမှ သိရသည်။

ဘင်္ဂါလီ ၇ ဦးကို တစ်ဦးလျှင် ကျပ်နှစ်သိန်းခွဲနှုန်းယူပြီး စိုးမင်းဦး ဆိုသူက ကားဖြင့်ခေါ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်သို့ပို့ဆောင်မည့် ဘင်္ဂါလီ (၇)ဦးနှင့်အတူ ယာဉ်နောက်လိုက် မောင်မောင်ကျော်လည်း ပါဝင်ပြီး စိုးမင်းထွေးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူ (၇၀)ရွက်၊ ကားအတွင်းရှိ ၎င်း၏ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ(၂၇၅၀၀၀ကျပ်)နှင့် ဖုန်း(၁) လုံး၊ ယာဉ်နောက်လိုက် မောင်မောင်ကျော်ထံမှ ဖုန်း(၁)လုံး တို့ကို တွေ့ရှိသိမ်းဆည်း ခဲ့ကြောင်းကြောင်း ရေနံမနယ်မြေစခန်းမှ သိရသည်။

အဆိုပါ ဘင်္ဂါလီ (၇)ဦးအား ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင် သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ အရေးယူထားပြီး တရားမဝင် ခေါ်ဆောင်လာသူ စိုးမင်းထွေးနှင့် မောင်မောင်ကျော်တို့အား ရေနံမနယ်မြေရဲစခန်းတွင် (ပ)၁၁/၂၀၁၈၊ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ယခုလ ၂ ရက်ကလည်း တောလမ်းအတိုင် လာသည့် ဘင်္ဂါလီ ၅ ဦးကို ပုသိမ် – မုံရွာ ကားလမ်းမကြီးဘေးတွင် ဖမ်းမိခဲ့ပြီး စစ်ဆေးချက်များအရ ရခိုင်ပြည်နယ်မှ တောလမ်းအတိုင်း ခြေလျင်လျှောက် လာခဲ့ကြောင်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply