ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို အနုပညာတင်ဆက်မှုပွဲတော်ပြုလုပ်

0
150

ရန်ကုန်၊မတ်၆၊၂၀၁၈

ရန်ကုန်တက္ကသိုလ် ဆရာ၊ဆရာမအသင်း မှကြီးမှူးပြီး တက္ကသိုလ် ကျောင်းကြီး ၏ရာပြည့် အကြို အနုပညာတင်ဆက်မှုပွဲတော် ကို ယနေ့ မတ်လ၆ရက်နေ့တွင် ရန်ကုန်လှိုင်တက္ကသိုလ် နယ်မြေအတွင်းရှိ သစ်ပုတ်ပင် အနီးမှသိပ္ပံမြက်ခင်းပြင် တွင်ပြုလုပ်ခဲ့သည်။

တက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြို အဖြစ်ပြုလုပ်သည့် အနုပညာ တင်ဆက်မှု ပွဲတော်တွင် ကဗျာ၊ သီချင်း၊ ပန်းချီ စသောတင်ဆက် ခြင်းများကို တက္ကသိုလ်ဆရာ၊ဆရာမ များနှင့်ကျောင်းသား ကျောင်းသူများ အပါအ၀င် ပြင်ပမှအနုပညာရှင်များ ကဗျာဆရာများသမဂ္ဂ တို့မှလည်း ပါဝင်တင်ဆက်ကြမည်ဟုသိရသည်။

“ဆရာဆရာမအသင်းရဲ့လှုပ်ရှားမှုတစ်ခုပေါ့။ နောက်တစ်ခုက ကဗျာချစ်သူ၊ပန်းချီချစ်သူ၊ သီချင်းချစ်သူဆရာ ဆရာမကျောင်းသား ကျောင်းသူတွေ သူတို့ရင်ထဲကခံစားချက်တွေကိုဒီတက္ကသိုလ်ကြီး နှစ်တစ်ရာမပြည့်ခင်မှာ သစ်ပုတ်ပင်အောက်မှာ ရင်မတွင်းဖြစ်တွေကို ဖော်ထုတ်တင်ဆက်လို့ရအောင်ရည်ရွယ်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ဆရာမများအသင်းဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနိုင်ကပြောသည်။

အနုပညာတင်ဆက်မှုပွဲတော်တွင်ကဗျာများရွတ်ဖတ်ခြင်း၊ ပန်းချီကားများပြသကြခြင်း၊သီချင်းဖျောဖြေမှုများ ပြုလုပ်ကြခြင်း နှင့်အတူတက္ကသိုလ်ဆရာဆရာမများအသင်း၏အင်အားကိုထပ်မံဖြည့်
သွင်းသည့်အနေဖြင့်အသင်းဝင်ဆရာဆရာမများအားဖိတ်ခေါ်၍ အသင်းသားလက်ခံခြင်း များလည်းပြုလုပ်လျှက်ရှိနေကြောင်းသိရသည်။

“ဆရာဆရာမများအသင်းထောင်တယ်ဆိုတော့ဆရာမတို့လည်းပါရမယ်ဆိုပြီးဝင်ပါတာပါ။ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူတွေအတွက်မတရားတာတွေပေါ်ထွက်လာရင်ဆရာများအသင်းအနေနဲ့မားမားမတ်မတ်ရပ်တည်နိုင်အောင်ကြိုးပမ်းဆောင်ရွက်တာတွေလည်း ပြုလုပ် သွားမှာပါ။ အခုဒုတိယအကြိမ် ပြုလုပ်တဲ့ပွဲတောင်မှပထမကလုပ်တဲ့ပွဲ ထက်ပိုပြီးတိုးတက်လာပါပြီစိတ်ပါဝင်စား တဲ့ဆရာဆရာမတွေလည်း အများကြီးရှိနေပါပြီ”ဟုရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ကထိကဒေါက်တာထွေထွေရီကပြောသည်။

ရန်ကုန်တက္ကသိုလ်တွင်ဆရာဆရာမပေါင်း၇၅၀ကျော်ရှိနေပြီး ပထမ အကြိမ် ပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်ဆရာဆရာမ များ အသင်း အတွက်အသင်းဝင်ဖိတ်ခေါ် မှုတွင်အသင်းသားပေါင်း၂၀၀ကျော်ရှိခဲ့ပြီး ထပ်မံ၍ အသင်းဝင်ရောက်သူများလည်း ယနေ့တွင်အရေအတွက် အများအပြားရှိခဲ့ကြောင်း သတင်းရရှိသည်။

မေစု

Leave a Reply