၃၆၀ ဒီဂရီ သုံးဖက်မြင် (3D) ပုံရိပ် VR နည်းပညာသုံး အလုပ်အကိုင်ပြပွဲ ကျင်းပမည်

0
146

ရန်ကုန်၊ မတ် ၆ ၊၂၀၁၈

အလုပ်အကိုင်ရှာဖွေသူများကိုယ်တိုင် ကုမ္ပဏီများ၏ ရုံးခန်းများသို့ ရောက်ရှိ သွားရသကဲ့သို့ ခံစားရမည့် ၃၆၀ ဒီဂရီ သုံး ဖက်မြင် (3D) ပုံရိပ် ဗွီဒီယို များကို ကြည့်ရှု၍ အလုပ်လျောက်ထားနိုင်မည့် Virtual Reality (VR) နည်းပညာသုံး အလုပ်အကိုင်ပြပွဲကို ယခုလ ၁၀ရက်​၌ ဆီဒိုးနားဟိုတယ်တွင်​ ကျင်းပပြုလုပ်​သွားမည် ​ဖြစ်​​ကြောင်း JobNet.com.mm မှ သိရသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲတွင် မြန်မာပြည်၏ ထိပ်တန်းကုမ္ပဏီကြီးများ ဖြစ်သော Unilever ၊ Heineken၊ CB Bank၊ အော်ရီဒူး၊ Metro၊ Wall street English စသည့်​ ကုမ္ပဏီများအပါအ၀င် ကုမ္ပဏီပေါင်း ၄၀ ကျော်မှ အထွေထွေ အလုပ်အကိုင်များကို ပြသပေးသွားမည်ဖြစ်​ပြီး အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် ၎င်းတို့ လျောက်ထားသော ကုမ္ပဏီ ထဲသို့ ကိုယ်တိုင်သွားရောက်၍ လေ့လာရသကဲ့သို့ ခံစားရမည့် Virtual Reality နည်းပညာကို အသုံးပြုထားမည်ဖြစ်ကြောင်း ထိပ်တန်း အလုပ်အကိုင်ရှာဖွေရေး Website ဖြစ်သော JobNet.com.mm၏ သတင်းထုတ်​ပြန်​ချက်​အရသိရသည်။

“လုပ်ငန်းခွင်အတွင်း ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရေး နှင့် စိတ်ဖိစီးမှု နည်းပါးစွာအလုပ်လုပ်ကိုင်နိုင်ရေး၊ ကျန်းမာရေးနဲ့ သင့်လျော်သော လုပ်ငန်းခွင်ရှိရေးစတဲ့ အခြေအနေတွေကို Professional တွေက လည်း ရွေးချယ် လုပ်ကိုင်လာကြတာကြောင့် ခုလို VR နည်း ပညာသုံးတဲ့ အလုပ် အကိုင်ပြပွဲ တစ်ခုကို ပြုလုပ်ရတာ ပါ။”ဟု JobNet.com.mm၏ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca က ပြောသည်။

ထို့ပြင်အလုပ်အကိုင်လာရောက်လျောက်ထားသူများသည် မြန်မာနိုင်ငံရှိ ထင်​ရှား​ကျော်ကြားသော လူ့စွမ်းအား အရင်းအမြစ် (HR) ကဏ္ဍတွင် အထူးကျွမ်းကျင်သော HR Manager များနှင့် တွေ့ဆုံဆွေးနွေး နိုင်မည်ဖြစ်​ကြောင်းသိရသည်​။

အဆိုပါ VR အလုပ်အကိုင်ပြပွဲအတွင်း သက်ဆိုင်ရာ ကုမ္ပဏီများအတွက် အင်တာဗျူး အခန်း ငယ်များ ထားရှိ၍ အလုပ် လျောက်ထားသူ၏ အရည်အချင်းကို နှစ်သက်ပါက ချက်ချင်းအင်တာဗျူး၍ အလုပ် အကိုင် ခန့်ထားပေးမည့် အစီအစဉ် များလည်း ထည့်သွင်းထားကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply