အက်စတိုရီရဲ့ ဂျာစီနံပါတ်ပါအင်္ကျီကို အနားပေးမယ့် ဖီအိုရင်တီးနားနဲ့ ကယ်ဂလီယာရီ

0
169

မတ် ၆ ၊ ၂၀၁၈

တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့တဲ့ ဖီအိုရင်တီးနား အသင်းခေါင်းဆောင် အက်စတိုရီ ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၃ ပါ ဂျာစီကို ရာသက်ပန် အနားပေးဖို့အတွက် ဖီအိုရင်တီးနားအသင်းနဲ့ ကယ်ဂလီယာရီ အသင်းတို့ဟာ စီစဉ်နေကြပါတယ်။

အဆိုပါ ဂျာစီဟာ အက်စတိုရီအတွက် ရာသက်ပန် ၀တ်စုံဖြစ်တယ်လို့ အဆိုပါ အသင်းနှစ်သင်းက ကြေညာခဲ့ပြီး ဂျာစီကို အနားပေးဖို့ ဆောင်ရွက်လာခြင်း ဖြစ်ပါတယ်။

အက်စတိုရီဟာ ကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ်ရှိပြီဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ဒါပေမယ့်လည်း သူ့ရဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်းကတော့ အက်စတိုရီရဲ့ သေဆုံးမှုကို မှုခင်းရဲတွေနဲ့ စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်မှုတွေလည်း ရှိနေပါတယ်။ သူဟာ ကယ်ဂလီယာရီ အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ ဖီအိုရင်တီးနား အသင်းနဲ့ လေးနှစ်စာချုပ်ကို ချုပ်ဆိုထားပြီး သေဆုံးချိန်မှာ ဇနီးနဲ့ ၂ နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရှိခဲ့ပါတယ်။ အီတလီ လက်ရွေးစင်ကစားဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ဘူဖွန်နဲ့ ပီယာလိုတို့ဟာ အက်စတိုရီ ကွယ်လွန်မှုအတွက် ၀မ်းနည်းကြောင်း သတင်းစားတွေကို ပြောကြားခဲ့ပါတယ်။

အက်စတိုရီဟာ ၂၀၁၃ ခုနှစ် ကွန်ဖရက်ရေးရှင်းဖလားပြိုင်ပွဲမှာ အီတလီ လက်ရွေးစင်အဖြစ် ပါဝင်ခဲ့ပြီး အေစီမီလန် ၊ ကယ်ဂလီယာရီ ၊ ရိုးမား နဲ့ ဖီအိုရင်တီးနား အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။

NN

Leave a Reply