မာတစ်ရဲ့ နောက်ကျဂိုးနဲ့အတူ အဝေးကွင်းမှာ ခက်ခက်ခဲခဲ နိုင်ပွဲရှာခဲ့ရတဲ့ မန်ယူ

0
190

မတ် ၆ ၊ ၂၀၁၈

တနင်္လာနေ့ မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်း ဟာ ၂-၃ ရလဒ်နဲ့ ပဲလေ့စ်ကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရရှိခဲ့ပါတယ်။

အိမ်ရှင်ပဲလေ့စ်အသင်းဟာ သောင်ဆန်ရဲ့ အဝေးကန်ချက် သွင်းဂိုးနဲ့ အတူ ပြိုင်ပွဲကို စတင်ဦးဆောင်ခဲ့ပြီး သည့်နောက်မှာတော့ အမ်ဟော့ရဲ့ သွင်းဂိုးနဲ့အတူ ၂-၀ ရလဒ်နဲ့ ပြိုင်ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ထောင့်ကန်ဘောမှတဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဗလင်စီယာက ဖြတ်တင်ပေးခဲ့တာကို စမောလင်းက လူကျွံထောင်ချောက်ကနေ ခေါင်းတိုက်သွင်းယူခဲ့လို့ မန်ယူအသင်း ချေပဂိုးရရှိခဲ့ပါတယ်။ တဆက်တည်းမှာပဲ လူကာကူက ပင်နယ်တီ ဧရိယာထဲမှာ ကိုယ်ဟန်ပြလှည့်စားပြီး ဒုတိယ ဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။ တစ်ဖက်နှစ်ဂိုးစီ သရေကျနေချိန်မှာ မန်ယူကွင်းလယ်လူ မာတစ်က ပင်နယ်တီ ဧရိယာထိကနေ သူ့ရဲ့ ကန်နေကျ ပုံစံအတိုင်း အပြင်းကန်သွင်ခဲ့ကာ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးဟာ မာတစစ်အတွက် ပထမဆုံး မန်ယူအတွက် သွင်းဂိုးဖြစ်ခဲ့သလို နည်းပြမော်ရင်ဟိုကို ဖိအားတွေ လျော့နည်းအောင် စွမ်းဆောင်ပေးတဲ့ ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့်အပတ်မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

NN

Leave a Reply