ဝါရင့္ေဘာလီးဝုဒ္သ႐ုပ္ေဆာင္ ရွာရွီကာပူး အသက္ ၇၉ ႏွစ္အရြယ္တြင္ ကြယ္လြန္

0
210

ေဒလီ ။ ဒီဇင္ဘာ ၅

ဝါရင့္ ေဘာလီးဝုဒ္သ႐ုပ္ေဆာင္ျဖစ္သလို ထုတ္လုပ္သူလည္းျဖစ္ခဲ့သည့္ ရွာရွီကာပူးသည္ အသက္ ၇၉ ႏွစ္အရြယ္တြင္ ကြယ္လြန္ခဲ့ၿပီျဖစ္သည္။

Deewar ႏွင့္ Kabhie Kabhie တို႔တြင္ သ႐ုပ္ေဆာင္ခဲ့ၿပီး နာမည္ သတင္းေက်ာ္ၾကားခဲ့သည့္ ကာပူးသည္ ေနထုိင္မေကာင္းျဖစ္ေနသည္မွာ ၾကာျမင့္ခဲ့ၿပီျဖစ္သည္။ ရွာရွီကာပူးသည္ ဟိႏၵဴ႐ုပ္ရွင္လုပ္ငန္းကို ဆယ္စုႏွစ္မ်ားစြာၾကာလႊမ္းမိုးခဲ့သည့္ ကာပူးမ်ိဳးႏြယ္ဝင္ တစ္ဦး လည္းျဖစ္ သည္။ ကာပူးသည္ ႐ုပ္ရွင္ဆုမ်ားစြာကိုရရွိခဲ့သူျဖစ္သည္။ အိႏိၵယအစိုးရ သည္ ကာပူးအား ပဒုမၼာဗူရွန္း လူမႈထူးခၽြန္ဆုကို ၂၀၁၁ ခုႏွစ္တြင္ ခ်ီးျမႇင့္ခဲ့သည္။ ကာပူးသည္ ၿဗိတိန္ႏွင့္ အေမရိကန္႐ုပ္ရွင္မ်ားတြင္လည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။

ကာပူးသည္ မြမ္ဘိုင္းၿမိဳ႕ရွိ ကုိကီလာဘန္ဓီ႐ူဘုိင္ေဆး႐ုံ၌ ကြယ္လြန္ ခဲ့ျခင္းျဖစ္သည္။ ကာပူး၌ ေက်ာက္ကပ္ေရာဂါရွိခဲ့သည္မွာ ႏွစ္မ်ားစြာ ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္း ရန္ဓီကာပူးက တီအိုအုိင္သတင္းဌာနသို႔ေျပာဆုိ ခဲ့သည္။

ကာပူးသည္ ၿဗိတိန္သ႐ုပ္ေဆာင္ ဂ်န္နီဖာကန္ဒယ္ႏွင့္ လက္ထပ္ခဲ့ၿပီး ၎တို႔ႏွစ္ဦးသည္ မြမ္ဘုိင္းရွိ နာမည္ေက်ာ္ ပရိသဝီျပဇာတ္႐ုံကုိ ၁၉၇၈ ခုႏွစ္တြင္ တည္ေထာင္ခဲ့သည္။ ကာပူးသည္ ကေလးသ႐ုပ္ေဆာင္ အျဖစ္စတင္ခဲ့ၿပီး ႐ုပ္ရွင္ ၁၅၀ ေက်ာ္တြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည္။ ကာပူးသည္ “Shakespeare-wallah” ႏွင့္ “Heat and Dust” ကဲ့သို႔ နာမည္ႀကီး႐ုုပ္ရွင္မ်ားတြင္ ပါဝင္သ႐ုပ္ေဆာင္္ခဲ့သည္။

ကာပူးသည္ အိႏိၵယ႐ုပ္ရွင္လုပ္ငန္းတြင္ ဂုဏ္အႀကီးဆံုးဆုျဖစ္သည့္ ဒါဒါဆာဟက္ဖယ္ကီဆုကို ၂၀၁၅ ခုႏွစ္တြင္ ခ်ီးျမႇင့္ျခင္းခံခဲ့ရသည္။ ကာပူးသည္ ခ်စ္စရာေကာင္းေသာ အၿပံဳးကို ပို္င္ဆုိင္သူျဖစ္ၿပီး ပရိသတ္မ်ားက ႐ုပ္ရည္အေခ်ာဆံုးသ႐ုုပ္ေဆာင္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

 

ဒေလီ ။ ဒီဇင်ဘာ ၅

ဝါရင့် ဘောလီးဝုဒ်သရုပ်ဆောင်ဖြစ်သလို ထုတ်လုပ်သူလည်းဖြစ်ခဲ့သည့် ရှာရှီကာပူးသည် အသက် ရ၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။

Deewar နှင့် Kabhie Kabhie တို့တွင် သရုပ်ဆောင်ခဲ့ပြီး နာမည် သတင်းကျော်ကြားခဲ့သည့် ကာပူးသည် နေထိုင်မကောင်းဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရှာရှီကာပူးသည် ဟိန္ဒူရုပ်ရှင်လုပ်ငန်းကို ဆယ်စုနှစ်များစွာကြာလွှမ်းမိုးခဲ့သည့် ကာပူးမျိုးနွယ်ဝင် တစ်ဦး လည်းဖြစ် သည်။ ကာပူးသည် ရုပ်ရှင်ဆုများစွာကိုရရှိခဲ့သူဖြစ်သည်။ အိန္ဒိယအစိုးရ သည် ကာပူးအား ပဒုမ္မာဗူရှန်း လူမှုထူးချွန်ဆုကို ၂၀၁၁ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။ ကာပူးသည် ဗြိတိန်နှင့် အမေရိကန်ရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

ကာပူးသည် မွမ်ဘိုင်းမြို့ရှိ ကိုကီလာဘန်ဓီရူဘိုင်ဆေးရုံ၌ ကွယ်လွန် ခဲ့ခြင်းဖြစ်သည်။ ကာပူး၌ ကျောက်ကပ်ရောဂါရှိခဲ့သည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ရန်ဓီကာပူးက တီအိုအိုင်သတင်းဌာနသို့ပြောဆို ခဲ့သည်။

ကာပူးသည် ဗြိတိန်သရုပ်ဆောင် ဂျန်နီဖာကန်ဒယ်နှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် မွမ်ဘိုင်းရှိ နာမည်ကျော် ပရိသဝီပြဇာတ်ရုံကို ၁၉၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ကာပူးသည် ကလေးသရုပ်ဆောင် အဖြစ်စတင်ခဲ့ပြီး ရုပ်ရှင် ၁၅၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကာပူးသည် “Shakespeare-wallah” နှင့် “Heat and Dust” ကဲ့သို့ နာမည်ကြီးရုုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင််ခဲ့သည်။

ကာပူးသည် အိန္ဒိယရုပ်ရှင်လုပ်ငန်းတွင် ဂုဏ်အကြီးဆုံးဆုဖြစ်သည့် ဒါဒါဆာဟက်ဖယ်ကီဆုကို ၂၀၁၅ ခုနှစ်တွင် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ကာပူးသည် ချစ်စရာကောင်းသော အပြုံးကို ပိုင်ဆိုင်သူဖြစ်ပြီး ပရိသတ်များက ရုပ်ရည်အချောဆုံးသရုပ်ဆောင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply