အလုပ်​သမားပြဿနာများကို စနစ်​တကျကိုင်တွယ်​​နေဟု ဦးဖြိုးမင်းသိန်း​ ​ပြောကြား

0
203

ရန်​ကုန်​၊မတ်​လ ၇၊၂၀၁၈

တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့်​ လက်​ရှိဖြစ်​​ပေါ်​နေသည့်​ အလုပ်​သမား၊အလုပ်​ရှင်​ပြဿနာများကို စနစ်​တကျ သိမ်​သိမ်​​မွေ့​မွေ့ကိုင်​တွယ်​​နေ​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောသည်​။

“အလုပ်​ရှင်​​တွေဘက်​က အစိုးရကို အင်​အားသုံးပြီး​ဖြေရှင်း​ပေးပါ ဆိုပြီး ​တောင်းဆိုမှူ​တွေရှိပါတယ်​။ဘာ​ကြောင့်​လဲဆို ဥပ​ဒေချိုး​ဖောက်​တဲ့အတွက်​ပါ။ ဥပ​ဒေချိုး​ဖောက်​ရင်​ ဥပ​ဒေနဲ့အညီအ​ရေးယူပါမယ်​။အင်​အားသုံးတာနဲ့ ဥပ​ဒေနဲ့အညီ အ​ရေးယူတာဟာ မတူညီဘူးလို့​ပြောချင်​ပါတယ်​။ဘာ​ကြောင့်​ဆို အလုပ်​ရှင်​ဘက်​က အလုပ်​သမားဆန္ဒပြ​နေရင်​ ငါတို့ဘက်​က​နေ အစိုးရက ရဲနဲ့ ဝင်​မရိုက်​​ပေးနိုင်​ဘူးလားဆိုတဲ့ ​မျှော်​လင့်​ချက်​မျိုးနဲ့​တော့ အစိုးရဆီက​နေ မ​တောင်းဆိုသင့်​ဘူး လို့​ပြောပါ ရ​စေ။”ဟု၎င်းက​ပြောသည်​။

ရန်ကုန်​တွင်​ အလုပ်​သမား​များအ​နေဖြင့်​ ၎င်းတို့၏အခက်​အခဲများ ကို ​တောင်းဆိုဆန္ဒပြမှုများရှိ​နေခြင်း​ကြောင့်​ အလုပ်​ရှင်အစုအဖွဲ့​များဘက်​မှလည်း ​ဖြေရှင်း​ဆောင်​ရွက်​​ပေးမှုများရှိပြီး လက်​ရှိအစိုးရလက်​ထက်​ ၂နှစ်​တာကာလအတွင်း အင်​အားသုံးဖြိုခွင်း​ခဲ့သည့်​အ​ခြေ​နေများ လုံးဝမရှိ​ကြောင်း ဦးဖြိုးမင်းသိန်းက​ပြောသည်​။

အလုပ်​သမားသမဂ္ဂ​များဘက်​ကလည်း ၎င်းတို့၏ အခန်းကဏ္ဍ​အတွက်​ အလုပ်​သမားလှုပ်​ရှားမှု​များ ကို ​ပုံ​ဖော်​လာသည့်​ ပုံသဏ္ဍန်​​များကို​ တွေ့ရှိရ​သော​ကြောင့်​ ဥပ​ဒေနှင့်​အညီ ထိန်းသိမ်းနိုင်​ရန်​​ဆောင်​ရွက်​​နေ​ကြောင်း ၎င်းကဆက်​လက်​​ပြောဆိုသည်​။

“၂၀၁၇ကုန်​ ၂၀၁၈အစမှာ ဆန္ဒပြမှု​တွေ ဆက်​တိုက်​ဖြစ်​​ပေါ်​ပါတယ်​။ ဒီ​နေရာမှာ ဥပ​ဒေပြင်​ပ ဥပ​ဒေ​ဘောင်​ထက်​​ကျော်​လွန်လာရင်​ တားဆီးဖို့ အ​ရေးယူဖို့အတွက်​ ​တောင်းဆိုတယ်​။ ကျွန်​​တော်​တို့ ဥပ​ဒေနဲ့အညီ ဆန္ဒပြခြင်း ဥပ​ဒေနဲ့အညီ ဖွဲ့စည့်းခြင်းကို ကန့်​ကွက်​ခြင်းမရှိပါဘူး။ ဒါ​တွေဟာ ဥပ​ဒေနဲ့အညီဖြစ်​တဲ့အတွက်​ ကျွန်​​တော်​တို့နိုင်​ငံသား​တွေ အ​နေနဲ့ဥပ​ဒေကို​လေးစားလိုက်နာရမှာဖြစ်ပါတယ်။”ဟုမြန်မာနိုင်ငံ
အထည်​ချုပ်​ လုပ်​ငန်းရှင်​များအသင်း ဥက္ကဌ ဦးမြင့်​စိုးက​ပြောသည်​။

အလုပ်​သမား၊အလုပ်​ရှင်​ကြားရှိ ပြဿနာများသည်​ နိုင်​ငံခြား ရင်းနှီးမြှုပ်​နှံမှု​များအတွက် ​အလားအလာ​ကောင်းမဟုတ်​သလို စက်​ရုံ​​၊အလုပ်​ရုံများအတွက်​ နိုင်​ငံခြားကို ပစ္စည်းတင်​ပို့ရာတွင်​လည်း အလား အလာ​ကောင်းမဖြစ်​နိုင်​​ကြောင်း ဦးဖြိုးမင်းသိန်းက​ပြောသည်​။

အလုပ်​သမားနှင့်အလုပ်​ရှင်​ကြားကောင်းမွန်​ သည့်​ ဆက်​ဆံမှု တစ်​ခုရှိမှသာ ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်​​ရေးနှင့်​ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု​များ ဝင်​​ရောက်​လာနိုင်​မည်​ဖြစ်​​ကြောင်းသိရသည်​။

“ဒါ​ကြောင့်​ကျွန်​​တော်တို့ တိုင်ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ သိမ်​သိမ်​​မွေ့​မွေ့ကိုင်​​တွယ်​​နေပါတယ်​။ဘာ​ကြောင့်​လဲဆို ကျွန်​​တော်​တို့လုပ်​ငန်းရှင်​​တွေရဲ့ထုတ်​ကုန်​​တွေကို နိုင်​ငံတကာက အသိအမှတ်​ပြုနိုင်​ဖို့အတွက်​ အလုပ်​သမားကိုဖိနှိပ်ထားလို့မရပါဘူး။ ဒီအ​ခြေ​နေ​တွေကို မကိုင်​တွယ်​တတ်ရင်​ ကျွန်​​တော်​တို့ ရထားတဲ့အခွင့်​အ​ရေး​တွေ ဆုံးရှုံးသွားနိုင်​ပါတယ်​။ ဒါ​ကြောင့်​ စနစ်​တကျနဲ့ ရန်​ကုန်​ကိုကိုင်​တွယ်​​နေပါတယ်​။”ဟု ဝန်​ကြီးချုပ်​က​ပြောသည်​။

အလုပ်​သမား၊အလုပ်​ရှင်​နှင့်​ စက်​ရုံ၊အလုပ်​ရုံများသည်​ ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း​မှာသာ အများဆုံးရှိ​သော​ကြောင့်​ ယင်းကိစ္စရပ်​များကို စနစ်​တကျ ​ဆောင်​ရွက်​​နေ​ကြောင်း သိရသည်​။

ထို့ပြင်​ အလုပ်​ရှင်​နှင့်​ အလုပ်​သမားကြား ဖြန့်​​ဖြေညှိနှိုင်း​ဆောင်​ရွက်​​ပေး​နေသည့်​ အဖွဲ့အစည်း​များ​ကြောင့်​ ​ပြေလည်​မှုရရှိသည့်​ အ​ခြေ​နေများ​တွေ့မြင်​​နေရကာ မည်​သို့​ကြောင့်​ ​ပြေလည်​မှုရသွားခြင်း၊ မည်​သည့်​ရလဒ်​များနှင့်​ မည်​ကဲ့သို့ ညှိနှိုင်းမှုများ​ကြောင့်​ ​ပြေလည်​မှုရသွားခြင်းကို ​လေ့လာဆန်းစစ်​ရန်​ လိုအပ်​ပြီး ယင်းအ​ခြေ​နေများကို အ​ဖြေထုတ်​နိုင်​မှသာ မှန်​ကန်​သည့်​ ပုံစံတစ်​ခုဖြစ်​လာနိုင်​မည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply