နာပိုလီကစားသမား ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ်မှာ ကောင်းကောင်း ကစားနိုင်တယ်လို့ ကစားသမားရဲ့ အေးဂျင့်ကဆို

0
165

မတ် ၇ ၊ ၂၀၁၈

မန်ယူနဲ့ လီဗာပူးလ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နာပိုလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ရာသီအကုန်မှာ အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူက ဆိုပါတယ်။

ဂျော်ဂျင်ဟိုဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ အံ့ဝင်အောင် ကစားနိုင်လိမ့်မယ်လို့ ကစားသမားရဲ့ အေးဂျင့်က ပြောကြားခဲ့ပြီး နာပိုလီအသင်းအနေဖြင့် လက်ရှိအမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းနေရာကို ရောက်ရှိနေတာဟာ ဂျော်ဂျင်ဟိုရဲ့ အစွမ်းအစတွေကြောင့် ဖြစ်တယ်လို့ အေးဂျင့်က ပြောပါတယ်။

အင်္ဂလန်ကလပ်တွေဖြစ်ကြတဲ့ မန်ယူ ၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ဟာ ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး သူဟာ နာပိုလီနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါတယ်။နာပိုလီအသင်းဟာ ဂျော်ဂျင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အလိုရှိနေပြီး လာမယ့်ရာသီမှာ အင်္ဂလန်ကို အခြေချမယ်လို့ အေးဂျင့်က အတည်ပြုလိုက်ပါတယ်။

ဂျော်ဂျင်ဟိုဟာ ပြေးအားနဲ့ ဘောလုံးထိန်းသိမ်းမှု စွမ်းရည်မှာ မြင့်မားတဲ့ အတွက် အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ သင့်တော်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း သူဟာ အင်္ဂလန်မှာ အမြင့်ဆုံး အဆင့်နေရာတစ်ခုကို ရောက်ရှိလာနိုင်ကြောင်း လက်ရှိမှာ ဂျော်ဂျင်ဟိုက ဥရောပ အသင်းကြီးများက စောင့်ကြည့်နေပြီး ကစားသမားအနေဖြင့် လာမယ့်မေလမှာ နာပိုလီနဲ့ စာချုပ်အသစ် ထပ်မံ ချုပ်ဆိုခြင်း ရှိမရှိကို စောင့်ဆိုင်းနေကြောင်း အေးဂျင့်ဖြစ်သူက ဆက်လက်ပြောကြားခဲ့သည်။

NN

Leave a Reply