လာမည့်ဘဏ္ဍာနှစ်တွင် စက်သုံးဆီဈေး ပြောင်းလဲရန် စီစဉ်နေ

0
220

ရန်​ကုန်​၊​မတ်​လ ၇၊၂၀၁၈

စက်​သုံးဆီ​ဈေးနှုန်းများကို လာမည့်​ဘဏ္ဍာနှစ်​အတွင်း ပြု ပြင်​​ပြောင်းလဲရန်​အတွက်​ အစိုးရမှ ထိန်းညှိ​ပေးရန်​ ပြင်​ဆင်​​နေ​ကြောင်း ရန်​ကုန်​တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းက​ပြောသည်​။

ယ​နေ့ UMFCCI တွင်​ ပြုလုပ်​သည့်​၁၅ကြိမ်​​မြောက်​ ဒုတိယသမ္မတ (၁)နှင့်​ ပုဂ္ဂလိကကဏ္ဍ ကိုယ်​စားလှယ်​များပုံမှန်​​တွေ့ဆုံ​ဆွေး​နွေးပွဲတွင်​ ၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့်​စက်​သုံးဆီ​ဈေးနှုန်းများ ထိန်းညှိ​ပေးရန်​အတွက်​ကုမ္ပဏီများ ထူ​ထောင်​ရန်​ကြိုးစား​လျှက်​ရှိပြီး စက်​သုံးဆီသို​လှောင်​မှုကို ၆လခန့်​ ထိန်းထားနိုင်​မည်​ဆိုပါက ​ဈေးနှုန်းများကို ​လျှော့ချနိုင်​မည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​။

“အခုအ​ခြေ​နေမှာ​တော့ စက်​သုံးဆီသိုလှောင်​နိုင်​ခွင့်​ရှိတဲ့သူ​တွေရဲ့ထိန်းချုပ်​မှု​အောက်​ထဲမှာပဲ တချို့အ​ခြေ​နေ​တွေက ​ရောက်​​နေတာပဲဖြစ်​​နေပါတယ်​။ ရန်​ကုန်​မှာဒီအ​ခြေ​နေ​တွေကို ၂၀၁၈-၂၀၁၉ခုနှစ်​မှာ ပြု ပြင်​​ပြောင်း လဲဖို့အတွက်​အစိုးရကိုယ်တို​င်​က မမြင်​ရတဲ့လက်​နဲ့ ထိန်း​ဖို့အတွက်​ ပြင်​ဆင်​​နေပါတယ်​။ကျွန်​​တော်​တို့ကုမ္ပဏီ​တွေလဲ ထူ​ထောင်​ဖို့ ကြိုးစား​နေပါတယ်​။”ဟုဝန်​ကြီးချုပ်​က​ပြောသည်​။

မန္တ​လေးတိုင်းရှိ စက်​သုံးဆီဆိုင်​ အ​ရေအတွက်​ထက်​ ရန်​ကုန်​တိုင်းရှိ ဆိုင်​အ​ရေအတွက်​မှာ အလွန်​နည်းပါးလျှက်​ရှိ​သော​ကြောင့်​ များစွာထပ်​မံဖွင့်​၍ ရနိုင်​​သော်လည်းဖွင့်​ရမည့်​ဧရိယာသည်အလွန်ကျပ်တည်း​နေသည့်​အ​ခြေ​နေတွင်​ရှိ​နေ​ကြောင်းနှင့်​ ရန်​ကုန်​တိုင်းအတွင်း စက်​သုံးဆီဆိုင်​များဖွင့်​မည်​ ဆိုပါက ပတ်​ဝန်းကျင်​၏ ​ထောက်​ခံချက် လိုအပ်​​ကြောင်း ၎င်းက​ပြောသည်​။

“ကျွန်​​တော်​တို့က ​ပေ၄၀၊၆၀​မြေကွက်​တစ်​ကွက်​ကိုဝယ်​ပြီး စက်​သုံးဆီဆိုင်​ဖွင့်​မယ်​ဆိုရင်​ ရပ်​ကွက်​က လက်​မခံပါဘူး။ဒီအ​ခြေ​နေ​တွေကိုလဲ ကျွန်​​တော်​တို့ တိုင်းအတွင်းဟာ အခြားတိုင်း​နဲ့မတူညီတဲ့ အ​ခြေ​နေတခုရှိတယ်​လို့​ပြောချင်​ပါတယ်​။ လုပ်​ထုံးလုပ်​နည်း​အရ ခွင့်​ပြုချက်​​ပေးရတာဟာ ဘာမှမခက်​ခဲပါဘူး။ဒါ​ပေမယ့်​ ပတ်ဝန်းကျင်​က လက်​ခံနိုင်​​လောက်​တဲ့အ​ခြေ​နေဖြစ်​​အောင်​ ​ဆောင်​ရွက်​ရတဲ့အ​နေအထားမှာ​တော့အခက်​အခဲရှိပါတယ်​။ဒါ​ကြောင့်​ စက်​သုံးဆီ လုပ်​ငန်းရပ်​နဲ့ပတ်​သက်​ပြီး လုပ်​ငန်း​ဆောင်​ရွက်​ခွင့်​​တွေကို ခွင့်​ပြု​ပေးလိုက်​တဲ့​နေရာမှာအခက်​ခဲ တချို့ ရှိ​နေတာ​တော့ အမှန်​ပဲဖြစ်​ပါတယ်​​။”ဟု ဦးဖြိုးမင်းသိန်းက​ပြောသည်​။

စက်​သုံးဆီနှင့်​ပတ်​သက်​သည့် ဓာတ်​ဆီ၊ဒီဇယ်​နှင့်​​လောင်​စာဆီများသည်​ မြန်မာနို​င်​ငံအတွက်​အ​ရေးကြီး​သော ကုန်​စည်​စီးဆင်းမှုတွင်​ မရှိမဖြစ်​လိုအပ်​သည့်ပစ္စည်းဖြစ်​ပြီး နိုင်​ငံတကာနှင့်​ယှဉ်​ပါက ပြည်​တွင်း​ကအနည်း ငယ်​ ​ဈေးများ​နေ​ကြောင်း​သိရသည်​။

တိုင်း​ဒေသကြီး အစိုးရမှ စက်​သုံးဆီဈေးနှုန်း ​ယခုထက်​ ပိုကျဆင်း​လာနိုင်​ရန်​နှင့်​ ​ထောက်​ပံ့ပို့​ဆောင်​​ရေး၌ ​ဈေးအများဆုံးဖြစ်​​နေသည့်
နို​င်​ငံဘဝမှဆင်းနိုင်​​ရေးကို စီစဉ်​​နေ​ကြောင်းသိရသည်​။

“လမ်းပန်းဆက်​သွယ်​​ရေး​ကောင်းမွန်​ဖို့ကြိုးစားသလိုပဲ ဒီလမ်းပန်းဆက်​သွယ်​​ရေးမှာ သွားလာတဲ့လမ်း​တွေရဲ့ မ​ကောင်းမှုကလဲ Logistics ကို မြင့်​တက်​​စေပါတယ်​။စက်​သုံး​ဆီ​ဈေးကျဆင်းသွားနိုင်​ဖို့အတွက်​လဲ ကြိုးစား​နေသလို တဖက်​က​နေလဲ ​ရေ​ကြောင်းပို့​ဆောင်​​ရေးကို အဆင့်​မြှင့်​တင်​​နိုင်​ဖို့အတွက်​လဲ ကြိုးစားရမှာဖြစ်​ပါတယ်​။ကျွန်​​တော်​တို့နိုင်​ငံဟာ ကုန်းလမ်း​ကိုပဲအသုံးချ​နေတဲ့ နိုင်​ငံတခုဖြစ်​မယ်​ဆိုရင်​​တော့ ကုန်​စည်​စီးဆင်းမှုဟာ စရိတ်​စက ကြီးမား​နေဦးမှာပဲဖြစ်​ပါတယ်​။”ဟု ၎င်းက​ပြောသည်​။

ထို့ပြင်​ စက်​သုံးဆီကို စီးပွား​ရေးအရ တွက်​ပြီးသန်းနှင့်​ချီ သို​လှောင်​ထားနိုင်​မည်ဆိုပါကဈေးနှုန်းကိုထိန်းညှိနိုင်မည်​ဖြစ်ပြီးစက်သုံးဆီ​ဈေးသည်​ ​နေ့စဉ်
ပေါက်​​ဈေးဖြင့်​ ​ ရောင်းချရသည့်​ လုပ်​ငန်းမဟုတ်​​သော​ကြောင့်​​ဈေး အနိမ့်​ဆုံး ဖြစ်​​သည့်​အချိန်​တွင်​ ၁နှစ်​စာ ဖြတ်​၍ ဝယ်​ယူထားနိုင်​​​သော်​ လည်း ယင်း ပစ္စည်း များကို သို​လှောင်​ထားနိုင်​သည့်​ အဆင့်​ရှိရန်​လို​ကြောင်း
၎င်းက ​ပြောသည်​​။

ယ​နေ့ ရန်​ကုန်​ စက်​သုံးဆီ​ လက်​လီဈေးနှုန်းများမှာ ဒီဇယ်​ ၁လီတာလျှင်​ အနည်းဆုံး ၇၉၅ကျပ်​မှ အများဆုံး ၈၁၅ကျပ်​ ရှိပြီး Premium ဒီဇယ်​ ၁လီတာလျှင်​ အနည်းဆုံး ၈၁၀ကျပ်​ မှ အများဆုံး ၈၃၅ကျပ်​ရှိကာ ၊RON 92 ၁လီတာကို ၇၇၀ကျပ်​မှ ၇၈၅ကျပ်​ရှိ၍ RON 95 ၁လီတာကို ၈၂၀ကျပ်​မှ ၈၃၀ကျပ် ထိရှိ​ကြောင်း မြန်​မာနို​င်​ငံစက်​သုံးဆီတင်​သွင်း​ရောင်းချ
ဖြန့်​ဖြူး​ရေးအသင်းမှ သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply