လက်ရှိပြည်နယ်အစိုးရအနေဖြင့် အပစ်ရပ် လက်မှတ်ရေးထိုး ထားသည့် အချက်များကို မသိရှိဟု KNPPဒုဥက္ကဋ္ဌပြောဆို

0
150

ရန်ကုန် ၊ မတ် ၇ ၊ ၂၀၁၈

ကယားပြည်နယ်အစိုးရအနေဖြင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီKNPPနှင့် ယခင်အစိုးရ အကြား လက်မှတ်ရေးထိုးထားခဲ့သည့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးပါ အချက်များကို မသိရှိကြောင်း KNPP ဒုဥက္ကဋ္ဌ ဦးခူဦးရယ်က ပြောဆိုသည်။

“ပြောရရင်တော့ဒီနေရာမှာ ပြည်နယ်အစိုးရမှာတာဝန်ရှိတယ်လို့ အပြစ်ပြောလိုက်တာမျိုးတော့မဟုတ်ဘူးပေါ့။ အစိုးရ အပြောင်း အလဲဖြစ်ပြီးတဲ့နောက်မှာ အရင်တုန်းကသဘောတူခဲ့တဲ့ Bilateral Agreement ပါအကြောင်းအရာ တွေနဲ့ပတ်သက်ပြီး ဆက်လက် အကောင်အထည်ဖော်ရမယ့် လမ်းညွှန်မှုက အထက်က ကျမလာတဲ့ အခါကျတော့ သူတို့ အနေနဲ့မသိဘူးဆိုတဲ့သဘောပဲ ရိုးရိုးပြောလို့ ရမယ်ထင်ပါတယ်။ ဒါသူတို့မသိလို့မသိဘူးလို့ရိုးရိုးပြောလိုက်တာပဲပေါ့” ဟုဦးခူဦးရယ်ကပြောဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPPတို့၏ အလွတ်သဘောတွေ့ဆုံမှုကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ပြီးနောက် KNPP မှ သတင်းစာ ရှင်းလင်းပွဲကို ပါရမီလမ်းပေါ်ရှိ ဟိုတယ်ပါရမီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အထက်ကပဲဆွေးနွေးနေကြတာလေ အောက်ခြေကိုမချပြဘူး။ နောက် လမ်းညွှန်မှု မရှိတဲ့အခါကျတော့ တကယ်တမ်း ငြိမ်းချမ်းရေး အကောင် အထည်ဖော်တဲ့နေရာမှာ အထူးသဖြင့် သဘောတူထားတဲ့ အချက် အကောင်အထည်ဖော်တဲ့နေရာမှာ တကယ်တမ်း ပူးပေါင်းဆောင်ရွက် နေရတာထိတွေ့နေရတာက အောက်ခြေကဖြစ်တယ်။ အဲ့ဒါကြာင့်မို့လို့ သူတို့အနေနဲ့သိရှိဖို့လိုတာပေါ့နော် ။သိခြင်းမသိခြင်းထက် လမ်းညွှန်မှု မရှိတာကပိုပြီးအခက်အခဲဖြစ်စေတယ်လို့ အဲ့လိုနားလည်လို့ရတယ် ။ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားတိုင်းမှာသူတို့အနေနဲ့ ဂနဃဏ မသိရှိတဲ့ အခြေအနေမျိုးတွေရှိတယ်။ နောက်ပြီးတော့ အထက် ကနေဘာမှမညွှန်ကြားလာလို့ဘာမှမသိရှိဘူးဆိုတဲ့အနေအထား မျိုးတွေကြောင့် ကျွန်တော်တို့ရှေ့တိုးလို့မရဘူး”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ယခုအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် ယခင်လက်မှတ်ရေးထိုး ခဲ့သည့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် သဘောတူညီချက် များကိုဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် UNFCအနေဖြင့်ဆွေးနွေးခဲ့သည့် အဆိုပြု ချက်(၈)ချက်အား ဆွေးနွေးခဲ့ကြောင်းသိရသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPPတို့အကြားတရားဝင်ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့တွင်ကျင်းပပြုလုပ် ရန် ကော်မရှင် ထံသို့အဆိုပြုခဲ့ပြီး နှစ်ဖက်ညှိနှိုင်းအဆင်ပြေပါက တွေ့ဆုံမည့် ရက်ကိုသတ်မှတ်သွားမည်ဟု ဦးခူဦးရယ် ကပြောသည်။

ကိုဥာဏ်

KNPP

Credit Peace Comession

Leave a Reply