ဝက်ဖို့စ်ကွင်းလယ်လူကို ပရီးမီးယားလိဂ်အသင်းကြီးများ အပြိုင်လိုက်နေဟု သတင်းများထွက်ပေါ်

0
142

မတ် ၇ ၊ ၂၀၁၈

ဝက်ဖို့စ်အသင်းရဲ့ ကွင်းလယ်လူ အပ်ဒိုလရီ ဒိုအူခရူးကို မန်ယူ ၊ အာဆင် နယ် ၊ လီဗာပူးလ်နဲ့ စပါးအသင်းတို့က ခေါ်ယူဖို့ အပြိုင်ကြိုးစားနေကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်လျှက်ရှိနေပါတယ်။

မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ မိုက်ကယ်ကားရစ်နဲ့ ဖယ်လိုင်နီတို့ နှစ်ဦးနေရာအတွက် ကွင်းလယ်ကစားသမားရှာပုံတော် ဖွင့်နေပြီး နာပိုလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုနဲ့ ၀က်ဖို့စ်ကွင်းလယ်လူ ဒိုအူခရူးတို့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ဥရောပအားကစားသတင်းတွေက ဆိုပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့အပတ်က ၀က်ဖို့စ် ၁-၀ ၀က်စ်ဘရွန်းပွဲစဉ်ကို သွားရောက်ကြည့်ရှု့ခဲ့ပြီး ပြင်သစ်ကွင်းလယ်လူ ဒိုအူခရူး အတွက် လေ့လာနေပါတယ်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ကွင်းလယ်လူ ဖယ်လိုင်နီရဲ့ နေရာအတွက် ဒိုအူခရူးကိုစိတ်ဝင်စားနေပြီး အာဆင်နယ် ၊ လီဗာပူးလ် နဲ့ စပါးအသင်းတို့နဲ့အပြိုင် ကမ်းလှမ်းရဖို့ ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

NN

Leave a Reply