ယခုနှစ်ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်ဆွတ်ခူးနိုင်ကြောင်း ဖာဒီနန်သုံးသပ်

0
164

မတ် ၇ ၊ ၂၀၁၈

လီဗာပူးလ်အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ချေ ရှိနေတယ်လို့ မန်ယူကစားသမားဟောင်း ရီယိုဖာဒီနန်က ဆိုပါတယ်။

လီဗာပူးလ်အသင်းဟာ ယနေ့ မနက်းပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါ်တိုကို သရေကစားခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၀ ရလဒ်ဖြင့် ချန်ပီယံလိဂ် ၈သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ ရီယိုဖာဒီနန်က လီဗာပူးလ်အသင်းဟာ ယခုနှစ်ချန်ပီယံလိဂ်မှာ စောင့်ကြည့်ရ မယ့်အသင်းတစ်သင်းဖြစ်ပြီး ဗိုလ်စွဲနိုင်ချေရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်တို့ဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ပိုင်း အနည်းငယ် ကျဆင်းနေသော်လည်း ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ပုံစံကောင်းတွေ ရရှိနေပါတယ်။

“သူတို့ ဖလားရလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပွဲစဉ် ၃ ခုမှာ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး”လို့ ဖာဒီနန်က ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ၈သင်းအဆင့်ကို ရီးရဲမက်ဒရစ်နဲ့အတူ တက်ရောက်ခဲ့ပြီး ရီယိုဖာဒီနန်က ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်အသင်း ရလိမ့်မယ်လို့ BT Sports ကို ပြောကြားလိုက်ပါတယ်။

ဒါအပြင် ဖာဒီနန်ဟာ လီဗာပူးလ်အသင်းရဲ့ ယခုနှစ်ခြေစွမ်းကို ချီးကျူးခဲ့ပြီး ဘယ်အသင်းကိုမဆို အကောင်းဆုံး ဒုက္ခပေးနိုင်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုခဲ့ပါတယ်။

NN

Leave a Reply