ပဲခူးတိုင်းအတွင်း မြို့ဝင်​​ကြေး​ကောက်​ခံခြင်းအားရပ်​ဆိုင်းရန်​တင်​ပြမှုကို စိစစ်​​နေ

0
151

ပဲခူး၊ မတ်​ ၈၊ ၂ဝ၁၈။

ပဲခူးတိုင်း​ဒေသကြီးအတွင်းရှိ မြို့ဝင်​​ကြေး​ကောက်​ခံ​နေမှုများအား ရပ်​ဆိုင်းရန်တင်​ပြလာသည်ကိုအစိုးရအဖွဲ့မှစိစစ်မှုများလုပ်​​ဆောင်
နေ​ကြောင်း စည်​ပင်​သာယာ​ရေးနှင့်​ လူမှု​ရေးဝန်​ကြီး ​ဒေါ်ညွန့်​ညွန့်​​ဌေး က ​ပြောသည်​။

အဆိုပါ တင်​ပြထားမှုတွင်​ ကျန်​တိုင်း​ဒေသကြီးနှင့်​ပြည်​နယ်​အချို့တို့တွင်​ မြို့ဝင်​​ကြေး​ကောက်​ခံမှုများကို ​ဖြေ​လျော့​ပေးလာသည့်​အ​ပေါ် ပဲခူး​ဒေသ အတွင်း၌လည်း ​ဆက်​လက်​​ကောက်​ခံခွင့်​မပြုရန်​ ထည့်​သွင်း တင်​ပြထား သည်​ဟု ၎င်းက ဆိုသည်​။

“တိုင်းစည်​ပင်​သာယာက တင်​ပြလာတဲ့ စီမံချက်​နဲ့ မြို့ဝင်​​ကြေး​ကောက်​ခံတာဖျက်​သိမ်းမယ့်​ကိစ္စကို ကက်​ဘိနက်​အစည်းအ​ဝေးကို တင်​ပြ စိစစ်​​နေပါတယ်​။ အစည်း​ဝေးဆုံးဖြတ်​ချက်​ကိုလည်း ပြည်​​ထောင်​စု အဆင့်​ကို ဆက်​လက်​တင်​ပြအစီရင်​ခံ သွားမှာပါ”ဟု စည်​ပင်​သာယာ​ရေးနှင့်​ လူမှု​ရေးဝန်​ကြီး ​ဒေါ်ညွန့်​ညွန့်​​ဌေးက ​ပြောသည်​။

လက်​ရှိအ​ခြေအ​နေတွင်​ ပဲခူးတိုင်းအ​ရှေ့ခြမ်းရှိမြို့နယ်​များအား ကုမ္ပဏီအချို့က​ မြို့ဝင်​​ကြေး​ကောက်​ခံလျှက်​ရှိရာတွင်​ ကျပ်​သိန်း​ပေါင်း ၁၆၄ဝ ​ကျော်​နှင့်​ ပဲခူးတိုင်းအ​နောက်​ခြမ်းရှိမြို့နယ်​ ၁၄ မြို့နယ်​အား မက်​(စ်​)ဟိုင်း​ဝေးကုမ္ပဏီမှ​ကောက်​ခံရာ ကျပ်​သိန်း​ပေါင်း ၁၂၆ဝ ​ကျော်​ဖြင့်​ စုစု​ပေါင်း ကျပ်​သိန်း ၂၉ဝဝဝ ​ကျော်​တိုင်းအစိုးရရန်​ပုံ​ငွေရရှိ​​ကြောင်း ၎င်းက ဆက်​​ပြောသည်​။

“မြို့ဝင်​​ကြေး​ကောက်​ခံတဲ့အခါမှာ ယာဉ်​အမျိုးအစား​တွေကို ဘယ်​လိုသတ်​မှတ်​မလဲ၊ ​မြို့ခံ​တွေနဲ့ပတ်​သက်​ပြီး​တော့​ရော ဘယ်​လိုသတ်​မှတ်​​ကောက်​ခံမလဲ စတဲ့မူဝါဒတိတိကျကျသတ်​မှတ်​​ပေးဖို့​တော့လိုတယ်​။ အခုက အဝင်​​ရောအထွက်​ပါ ​ကောက်​​နေ​တော့ ပြည်​သူ​တွေအတွက်​ ဝန်​ထုပ်​ဝန်​ပိုးဖြစ်​​စေတယ်​” ဟု ပဲခူးမြို့ခံ ကိုမြင့်​​မော်​က မှတ်​ချက်​​ပေးသည်​။

မြို့ဝင်​​ကြေး​ကောက်​ခံ​နေမှုများနှင့်​ပတ်​သက်​ပြီး ပြီးခဲ့သည့်​နှစ်​ဇူလိုင်​လက ပြည်​သူ့လွှတ်​​တော်​အစည်းအ​ဝေးတစ်​ရပ်​၌ လွှတ်​​တော်​ဥက္ကဋ္ဌ ဦးဝင်းမြင့်​က ​ဆောက်​လုပ်​​ရေးဝန်​ကြီးဌာနအား သတိ​ပေး​ပြောဆိုရာ တွင်​ ​​လေလံချ​ပေးပြီးဖြစ်​သည်​ဆိုလျှင်​ပင်​ ဥပ​ဒေအတိုင်းရပ်​ဆိုင်းသင့်​​ကြောင့်​ ​ပြောကြားထားသည်​။

မိုး​မြေ

Leave a Reply