အမ်ိဳးသမီးမ်ားအား သားကိုသခင္ လင္ကိုဘုရားသေဘာထားရန္ သင္ၾကားေပးသည့္ သင္တန္းကို တ႐ုတ္အာဏာပိုင္မ်ား ပိတ္သိမ္း

0
211

ေပက်င္း။ ဒီဇင္ဘာ ၅

အမ်ိဳးသမီးမ်ားအား အမ်ိဳးသားမ်ား၏ေျပာသမွ်ဆိုသမွ်ကို နာခံၿပီး သားကုိသခင္ လင္ကိုဘုရားကဲ့သို႔ သတ္မွတ္ရန္ သင္ၾကားေပးေနသည့္ သင္တန္းတစ္ခုကုိ တ႐ုတ္အာဏာပိုင္မ်ားက ပိတ္သိမ္းလိုက္ၿပီျဖစ္သည္။

႐ိုးရာတန္ဖိုးႏႈန္းစံမ်ားကို သင္ၾကားေပးသည္ဟု ဆိုထားသည့္ ယင္းသင္တန္းသည္ ဆိုရွယ္လစ္တန္ဖိုးမ်ားကို ခ်ိဳးေဖာက္ေနေၾကာင္း တ႐ုတ္ပညာေရးဌာနက ေျပာဆုိခဲ့သည္။ သင္တန္းဆရာတစ္ဦးက က်ား/မတန္းတူညီမွ်မႈဆိုသည္မွာမရွိေၾကာင္း၊ ခင္ပြန္း၏႐ိုက္ႏွက္ခံရပါက ၿငိမ္ခံေနရန္ ေျပာဆုိေနသည့္ ဗီဒီယိုဖိုင္တစ္ခု အြန္လုိင္းတြင္ ပ်ံ႕ႏွံ႔ေနခဲ့သည္။

တ႐ုတ္၌ မၾကာေသးမီႏွစ္မ်ားအတြင္း ယင္းကဲ့သို႔ သင္တန္းမ်ား မႈိလုိေပါက္လာခဲ့သည္။ အမ်ိဳးသမီးမ်ား အျပင္ထြက္အလုပ္မလုပ္သင့္ဘဲ လူမႈအဆင့္အတန္း၏ေအာက္ဆံုးအဆင့္တြင္သာ ေနထုိင္သင့္ေၾကာင္း ဖူရႊန္း ႐ုိးရာယဥ္ေက်းမႈသင္ေက်ာင္း၏ဝက္ဘ္ဆိုက္တြင္ေဖာ္ျပထားသည္။

ဖခင္မ်ား၊ ခင္ပြန္းမ်ားႏွင့္ သားမ်ားကို ဘုရားကဲ့သို႔ ႐ုိေသရန္ သင္တန္းဆရာမ်ားက တုိက္တြန္းခဲ့သည္။ ထုိ႔ျပင္သင္တန္းဆရာမ်ားသည္ အမ်ိဳးသမီးမ်ားအား ခင္ပြန္းႏွင့္ ျငင္းခုန္ျခင္းမျပဳရန္ႏွင့္ ကြာရွင္းျပတ္စဲမႈ မျပဳရန္ တုိက္တြန္းေျပာဆုိခဲ့သည္။

အမ်ိဳးသမီးတစ္ဦးသည္ အမ်ိဳးသားသံုးဦးထက္ေက်ာ္လြန္ၿပီး လိင္ ဆက္ဆံ ပါက သုက္ပိုးသည္ အဆိပ္ျဖစ္ၿပီး ယင္းအမ်ိဳးသမီးကိုေသဆံုးေစမည္ ျဖစ္ေၾကာင္း ဆရာမ်ားက ေျပာဆုိခဲ့သည္။ ေနအိမ္ရွိ အမ်ိဳးသမီးမ်ား၏ ေနရာႏွင့္ တာဝန္မွာ အိမ္မႈကိစၥလုပ္ရန္သာျဖစ္ၿပီး သန္႔စင္ခန္းမ်ားကို လက္ဗလာျဖင့္သာ ေဆးေၾကာသန္႔ရွင္းသင့္ေၾကာင္း သင္တန္း၌ တိုက္တြန္းမႈမ်ားရွိခဲ့သည္။

သင္တန္းကို ၂၀၁၁ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး အစိုးရ၏ပိတ္သိမ္းမႈကုိ ဝန္ထမ္းမ်ားက အျပင္းအထန္ကန္႔ကြက္ခဲ့ေၾကာင္း ဂလိုဘယ္တိုင္းမ္ သတင္းစာကေဖာ္ျပခဲ့သည္။

Source:BBC

႐ိုးေျမ

 

ပေကျင်း။ ဒီဇင်ဘာ ၅

အမျိုးသမီးများအား အမျိုးသားများ၏ပြောသမျှဆိုသမျှကို နာခံပြီး သားကိုသခင် လင်ကိုဘုရားကဲ့သို့ သတ်မှတ်ရန် သင်ကြားပေးနေသည့် သင်တန်းတစ်ခုကို တရုတ်အာဏာပိုင်များက ပိတ်သိမ်းလိုက်ပြီဖြစ်သည်။

ရိုးရာတန်ဖိုးနှုန်းစံများကို သင်ကြားပေးသည်ဟု ဆိုထားသည့် ယင်းသင်တန်းသည် ဆိုရှယ်လစ်တန်ဖိုးများကို ချိုးဖောက်နေကြောင်း တရုတ်ပညာရေးဌာနက ပြောဆိုခဲ့သည်။ သင်တန်းဆရာတစ်ဦးက ကျား/မတန်းတူညီမျှမှုဆိုသည်မှာမရှိကြောင်း၊ ခင်ပွန်း၏ရိုက်နှက်ခံရပါက ငြိမ်ခံနေရန် ပြောဆိုနေသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့နေခဲ့သည်။

တရုတ်၌ မကြာသေးမီနှစ်များအတွင်း ယင်းကဲ့သို့ သင်တန်းများ မှိုလိုပေါက်လာခဲ့သည်။ အမျိုးသမီးများ အပြင်ထွက်အလုပ်မလုပ်သင့်ဘဲ လူမှုအဆင့်အတန်း၏အောက်ဆုံးအဆင့်တွင်သာ နေထိုင်သင့်ကြောင်း ဖူရွှန်း ရိုးရာယဉ်ကျေးမှုသင်ကျောင်း၏ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ဖခင်များ၊ ခင်ပွန်းများနှင့် သားများကို ဘုရားကဲ့သို့ ရိုသေရန် သင်တန်းဆရာများက တိုက်တွန်းခဲ့သည်။ ထို့ပြင်သင်တန်းဆရာများသည် အမျိုးသမီးများအား ခင်ပွန်းနှင့် ငြင်းခုန်ခြင်းမပြုရန်နှင့် ကွာရှင်းပြတ်စဲမှု မပြုရန် တိုက်တွန်းပြောဆိုခဲ့သည်။

အမျိုးသမီးတစ်ဦးသည် အမျိုးသားသုံးဦးထက်ကျော်လွန်ပြီး လိင် ဆက်ဆံ ပါက သုက်ပိုးသည် အဆိပ်ဖြစ်ပြီး ယင်းအမျိုးသမီးကိုသေဆုံးစေမည် ဖြစ်ကြောင်း ဆရာများက ပြောဆိုခဲ့သည်။ နေအိမ်ရှိ အမျိုးသမီးများ၏ နေရာနှင့် တာဝန်မှာ အိမ်မှုကိစ္စလုပ်ရန်သာဖြစ်ပြီး သန့်စင်ခန်းများကို လက်ဗလာဖြင့်သာ ဆေးကြောသန့်ရှင်းသင့်ကြောင်း သင်တန်း၌ တိုက်တွန်းမှုများရှိခဲ့သည်။

သင်တန်းကို ၂၀၁၁ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ပိတ်သိမ်းမှုကို ဝန်ထမ်းများက အပြင်းအထန်ကန့်ကွက်ခဲ့ကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာကဖော်ပြခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply