နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းတွင်း သင်္ကြန်ပြုလုပ်

0
192

မန္တလေး၊ မတ်(၇)၊ ၂၀၁၈

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းတွင်းသင်္ကြန်ပွဲတော်ကို မတ်လ ၈ ရက်နေ့ နံနက်(၁၀)နာရီက ယင်းကျောင်းဝင်းအတွင်းမှာ ကျ င်းပပြုလုပ်ခဲ့သည်။

ယခုကျင်းပမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ ပျော်ပွဲရွှင်ပွဲအနေဖြင့် နှစ်တစ်ဝက်ကျောင်း ပိတ်ခါနီးအချိန်တွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းတွင်းသင်္ကြန်ပွဲတော်တွင် ကျောင်းသား/သူအချ င်းချ င်းအပြန်အလှန်ရေပတ်ကစားကြခြင်း၊ သင်္ကြန်တေးသီချင်းများ၊ အကများဖြင့်ဖျော်ဖြေခြင်းနှင့် စတုဒီတာအကျွေးအမွေးများဖြင့် ဧည့်ခံခြင်းတို့ ပြုလုပ်ခဲ့သည်။

တက္ကသိုလ်ကျောင်းသား/သူများအနေဖြင့် မကြာခင်ကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် (အကြို) ကျောင်းတွင်းသင်္ကြန်ပွဲများကို အခြားတက္ကသိုလ် ကောလိပ်များတွင်လည်း ကျင်းပကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply