HIV/AIDS လူနာမ်ားအတြက္ ART ေဆး၀ါးကုသမႈရရွိႏုိင္ရန္ တုိးခ်ဲ႕ေဆာင္ရြက္ထား

0
224

ေနျပည္ေတာ္။ ဒီဇင္ဘာ ၅။ ၂၀၁၇

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ HIV/AIDS လူနာမ်ားအတြက္ ART ေဆး၀ါး ပုိမုိလက္လမ္းမွီရရွိ ကုသႏိုင္ေရးအတြက္ ေဆး၀ါးကုသေရးဌာနမ်ား တုိးခ်ဲ႔ဖြင့္လွစ္ေဆာင္ရြက္ထားၿပီးျဖစ္ေၾကာင္း ေနျပည္ေတာ္ေကာင္စီဥကၠဌ ေဒါက္တာမ်ိဳးေအာင္ ကေျပာသည္။

“ HIV /AIDS လူနာမ်ားအတြက္ ျပဳစုကုသမႈအေနနဲ႕ က်န္းမာေရး ႏွင့္အားကစား၀န္ႀကီးဌာနႏွင့္ မိတ္ဖက္အဖြဲ႕အစည္းမ်ားပူးေပါင္းကာ ART ေဆးကုသျခင္းလုပ္ငန္းကိုေဆာင္ရြက္လွ်က္ရွိပါတယ္ ။ ART ေဆးကုသျခင္းလုပ္ငန္းမ်ားကို ART Center မ်ားအျပင္ ၿမိဳ႕နယ္အဆင့္ ART ဆင့္ပြားကုဌာနမ်ားကို ဖြင့္လွစ္ေဆာင္ရြက္လွ်က္ ရွိပါတယ္ “ ဟု ေဒါက္တာမ်ိဳးေအာင္ ကေျပာသည္။

ထုိအျပင္ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါျဖစ္ပြားေသဆုံးမႈ က်ဆင္းပေပ်ာက္ေရးအတြက္ က်န္းမာေရးႏွင္႔ အားကစား၀န္ႀကီးဌာနႏွင္႔ အတူ အျခားနီးႏႊယ္ ဌာနမ်ား၊ မိတ္ဖက္အဖြဲ႔အစည္းမ်ား အားလုံးပူးေပါင္း ေဆာင္ရြက္ႏုိင္ရန္ အေရးႀကီးေၾကာင္းႏွင့္ HIV ပုိး ကူးစက္မႈ ကင္းေ၀းသည့္ လူ႔အဖြဲ႔အစည္း တစ္ရပ္ေပၚေပါက္လာေစေရး အတြက္ ပူးေပါင္းေဆာင္ရြက္ၾကရန္ ေဒါက္တာမ်ဳိးေအာင္မွ တုိက္တြန္းေျပာဆုိခဲ႔သည္။

ေနျပည္ေတာ္၊ ပ်ဥ္းမနား ၿမိဳ႕နယ္႐ွိ မဂၤလာဗ်ဴဟာသာသနာ့ဗိမာန္ခန္းမ တြင္ ဒီဇင္ဘာလ ၅ ရက္ေန႔က က်င္းပျပဳလုပ္သည့္ကမၻာ့ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါတိုက္ဖ်က္ေရးေန႕( World AIDS Day)အထိမ္းအမွတ္အခမ္းအနားတြင္ ေဒါက္တာ မ်ဳိးေအာင္က အထက္ပါအတိုင္း ေျပာႀကားခဲ့ျခင္းျဖစ္သည္။

၂၀၁၇ ခုႏွစ္ World AIDS Day ေန႔ ေဆာင္ပုဒ္သည္ “လူတုိင္း၏ က်န္းမာေရး တူညီအခြင္႔အေရး ေဆာင္ၾကဥ္ေပး” ျဖစ္ေၾကာင္း သိရွိရသည္။

ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္တြင္ART ေဆးကုသျခင္းလုပ္ငန္း ေဆာင္ရြက္ေပးေနေသာ ေနရာမ်ားမွာ ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ဆံ့ျပည္သူ႕ေဆးရံုႀကီးတြင္ ART Center တစ္ခု ၊ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ART Center ႏွစ္ခု ၊ လယ္ေ၀းႏွင့္တပ္ကုန္းၿမိဳ႕နယ္တို႕တြင္ ART Center တစ္ခုစီ ၊ စုစုေပါင္း ART Center ၅ ခုဖြင့္လွစ္ထားသည္။

ထို႔အျပင္ ART ေဆးကုသမႈလုပ္ငန္းမ်ားကို ပိုမိုလက္လွမ္းမီေစရန္ သီရိ ၅ ၿမိဳ႕နယ္ အနက္ ၄ ၿမိဳ႕နယ္ တို႔တြင္ ART ဆင့္ပြားကုသဌာနမ်ား ဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္းသိရသည္။

ယဥ္ေကႏြယ္(ေနျပည္ေတာ္)

 

နေပြည်တော်။ ဒီဇင်ဘာ ၅။ ၂၀၁၇

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ HIV/AIDS လူနာများအတွက် ART ဆေးဝါး ပိုမိုလက်လမ်းမှီရရှိ ကုသနိုင်ရေးအတွက် ဆေးဝါးကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် ကပြောသည်။

“ HIV /AIDS လူနာများအတွက် ပြုစုကုသမှုအနေနဲ့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ART ဆေးကုသခြင်းလုပ်ငန်းကိုဆောင်ရွက်လျှက်ရှိပါတယ် ။ ART ဆေးကုသခြင်းလုပ်ငန်းများကို ART Center များအပြင် မြို့နယ်အဆင့် ART ဆင့်ပွားကုဌာနများကို ဖွင့်လှစ်ဆောင်ရွက်လျှက် ရှိပါတယ် “ ဟု ဒေါက်တာမျိုးအောင် ကပြောသည်။

ထိုအပြင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်ပွားသေဆုံးမှု ကျဆင်းပပျောက်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အတူ အခြားနီးနွှယ် ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်းနှင့် HIV ပိုး ကူးစက်မှု ကင်းဝေးသည့် လူ့အဖွဲ့အစည်း တစ်ရပ်ပေါ်ပေါက်လာစေရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဒေါက်တာမျိုးအောင်မှ တိုက်တွန်းပြောဆိုခဲ့သည်။

နေပြည်တော်၊ ပျဉ်းမနား မြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမ တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့( World AIDS Day)အထိမ်းအမှတ်အခမ်းအနားတွင် ဒေါက်တာ မျိုးအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် World AIDS Day နေ့ ဆောင်ပုဒ်သည် “လူတိုင်း၏ ကျန်းမာရေး တူညီအခွင့်အရေး ဆောင်ကြဉ်ပေး” ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ART ဆေးကုသခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေသော နေရာများမှာ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ART Center တစ်ခု ၊ ပျဉ်းမနားမြို့နယ်တွင် ART Center နှစ်ခု ၊ လယ်ဝေးနှင့်တပ်ကုန်းမြို့နယ်တို့တွင် ART Center တစ်ခုစီ ၊ စုစုပေါင်း ART Center ၅ ခုဖွင့်လှစ်ထားသည်။

ထို့အပြင် ART ဆေးကုသမှုလုပ်ငန်းများကို ပိုမိုလက်လှမ်းမီစေရန် သီရိ ၅ မြို့နယ် အနက် ၄ မြို့နယ် တို့တွင် ART ဆင့်ပွားကုသဌာနများ ဖွင့်လှစ်ဆောင်ရွက်နေကြောင်းသိရသည်။

ယဉ်ကေနွယ်(နေပြည်တော်)

Leave a Reply