ဖခင်ဖြစ်သူက (၁၃) နှစ်သမီးကို သားမယားပြုကျင့်ရန်ကြံစည်

0
175

မန္တလေး၊ မတ် ၈၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဗန္ဓုလလမ်းနှင့် အေးမေတ္တာလမ်းကြား ၅၆ လမ်းနှင့် ၅၇ လမ်းကြား (ဆ) ရပ်ကွက်တွင် ဖခင်ဖြစ်သူက (၁၃) နှစ်သမီးကို သားမယားပြုကျင့်ရန်ကြံစည်မှုတစ်ခု မတ်လ (၇) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူသည် အိမ်နီးချင်းနှင့် စကားပြောနေစဉ် ကလေး တစ်ယောက်မှ သားမယားပြုကျင့်ရန်ကြံစည်ခံရသည့် ကလေးနှင့် ကလေး အဖေတို့ ခြုံပုတ်ထဲဝင်သွားကြောင်း လာရောက်ပြောကြားသည့်အတွက် သွားရောက်ကြည့်ရှုရာ ခြုံပုတ်အတွင်းမှ သမီးဖြစ်သူ နှင့် ခင်ပွန်းဖြစ်သူတို့ ထွက်လာကြောင်း သိရသည်။

ထို့နောက် မိခင်ဖြစ်သူက သမီးဖြစ်သူကို မေးမြန်းရာ ဖခင်ဖြစ်သူ ဦးမျိုးလွင် မှ ၄င်း၏ ဘောင်းဘီအား ချွတ်ပြီး ပတ်လက်လှန်အိပ်ခိုင်းကာ အပေါ်မှ တတ်ခွ၍ သားမယားပြုကျင့်ရန်ကြံစည်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သမီးဖြစ်သူကို သားမယားပြုကျင့်ရန် ကြံစည် သူ ဦးမျိုးလွင် အား ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းတွင် (ပ) ၁၀၁/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply