YRTA မှ တွဲဘက်အတွင်းရေးမှူး ထပ်မံ နှုတ်ထွက်ပြန်

0
123

ရန်ကုန်။ မတ် ၈။ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ ( YRTA ) တွဲဘက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းသည် အဖွဲ့မှ နှုတ်ထွက်စာတင်ထားကြောင်း အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောသည်။

နှုတ်ထွက်စာတင်ထားသော တွဲဘက်အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းသည် YBS ခရီးစဉ်လမ်းကြောင်းများ ရေးဆွဲခြင်း၊ စည်းကမ်း ဖောက်ဖျက်သော ယာဉ်များကို ထိန်ချုပ်ခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်ကြောင်းသိရသည်။

” နှုတ်ထွက်လျှောက်လွှာတင်ထားတာ ဟုတ်ပါတယ်။ နှုတ်ထွက်ခွင့် ပြု မပြုကတော့ မဆုံးဖြတ်ရသေးပါဘူး ” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပဉ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ဖေဖော်ဝါရီလအတွင်း ကလည်း YRTA မှ CEO ဦးစောဘိုဘိုလည်း နှုတ်ထွက်ခဲ့ပြီးနောက် ယခုနှုတ်ထွက်စာ တင်သည့် တွဲဘက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းသည် ဒုတိယမြောက် နှုတ်ထွက်စာတင်သည့် သူလည်း ဖြစ်လာသည်။

နှုတ်ထွက်စာတင်ခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာသန်းဝင်းအား ဆက်သွယ် မေးမြန်းရာတွင် ၄င်းက ” လောလောဆယ် Impact တွေများနေလို့ မီဒီယာနဲ့ ရှောင်နေပါရစေ ” ဟု သာ ပြန်လည်ဖြေကြားသည်။

သျှင်ရဲထွဋ်

Leave a Reply