ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဆရာ အောင်ချစ်ပို အမှု အတွက် အမှုမှန် ပေါ်ပေါက်ရန်သတင်းစာရှင်းလင်း

0
141

ရန်ကုန်၊မတ်၈ရက်၊၂၀၁၈

ကိုးထပ်ကြီးဘုရားမှ ဗေဒင်ဟောခန်းတွင် ဗေဒင်ဆရာ အောင်ချစ်ပိုမှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့်ကိစ္စအတွက် အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေရန် သတင်းစာရှင်းလင်းပွဲကို ယနေ့ မတ်လ၈ရက်နေ့တွင် ရန်ကုန်မြို့လမ်း၅၀ရှိ Orchid Hotel ခန်းမတွင် ပြုလုပ်ခဲ့သည်။

အမျိုးသမီးငယ်များအားလိင်ပိုင်း ဆိုင်ရာလက်ရောက်မှု ကျူးလွန်ခဲ့သည့် ဗေဒင်ဆရာ အောင်ချစ်ပိုကို ကျူးလွန်မှုတွင်ကိုယ်တိုင်ခံစားခဲ့ရသော မမြတ်နိုးဦး (ခ) ဒိန်းပိုပိုဒေါင်နှင့် မမြင်ြ့မတ်ကေခိုင် တို့မှ ပုဒ်မ၃၅၄၊ ပုဒ်မ ၅၀၆ များဖြင့် အမှုဖွင့်လှစ်ထားရှိသည့်အပြင် အခြားလိင်ပိုင်ဆိုင်ရာ ကျူးလွန်ခြင်း ခံစားရသူ၈ဦးနှင့် တရားစွဲသူ၂ ဦးအပါအ၀င်အမျိုးသမီး ၁၀ဦးတို့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေး ၀န်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး၊ လူမှုဝန်းထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ၀န်ကြီးတို့ထံ သို့ဖေဖော်ဝါရီလ၁၆ရက်နှင့်၂၀ရက်နေ့တို့တွင် ထိရောက်စွာ အရေးယူပေးနိုင်ရန် တိုင်ကြားစာများ ပေးပို့ထားကြောင်း သိရသည်။

“တိုင်ကြားစာကတော့ အရေးယူနိုင်မယ့် သူတွေဘက်ကတိုင်ကြား ထားမှုကို လုပ်ဆောင်ပေးရင်တော့ သက်ရောက်မှု ရှိမှာပါ။ မလုပ်ပေးရင်တော့ သက်ရောက်မှု မရှိနိုင်ပါဘူး။ အခုကတော့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ တိုင်ကြာစာ ပို့ထားတာ မကြာသေးလို့ပါ”ဟု ဒိန်းပိုပိုဒေါင်ကပြောသည်။

တိုင်ကြားစာ ပို့ခြင်းသည် နိုင်ငံသားများ၏တာဝန်ဖြစ်ပြီး တိုင်ကြားခြင်းမရှိ၍ ဆောင်ရွက်၍မရနိုင်သောအနေအထားများမရှိစေရန် တိုင်ကြားမှုကို လက်ခံသောနေရာတိုင်းသို့နိုင်ငံသားအခွင့်အရေးတစ်ခုအနေဖြင့် စာလွှာကိုပို့ပေးရန်လိုအပ်ကြောင်း Equality Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်းကပြောသည်။

လက်ရှိတွင် ဗေဒင်ဆရာအောင်ချစ်ပိုမှလည်း မိမိအား အသရေဖျက်သည် ဆိုကာ မမြတ်နိုးဦး (ခ) ဒိန်းပိုပိုဒေါင်နှင့် မမြင်ြ့မတ်ကေခိုင်တို့ နှစ်ဦးကို ပုဒ်မ၆၆ (ဃ)နှင့် ပုဒ်မ၅၀၀တို့ဖြင့် တရားဆွဲဆိုထားခြင်းများရှိနေပြီး ၎င်းအနေနှင့် လိင်ပိုင်ဆိုင်ရာ စော်ကားမှုများ ပြုလုပ်ထားခြင်း မရှိဟုငြင်းဆို ထားကြောင်းသိရသည်။

“ညီမတို့လုပ်မသမျှအပေါ်တရားပြန်ဆွဲတာတွေ သူ့ဘက်ကိုယ့်ဘက် ရှိနေတော့ အမြန်ဆုံးအမှုမှန် ပေါ်ပေါက်စေချင်တယ်။ ဒါကညီမ တစ်ယောက်တည်းတင် မဟုတ်ဘူး။ တစ်ခြားသူတွေလည်း အများကြီး ခံရတာဆိုတော့ အမြန်ဆုံးပေါ်ပေါက်စေချင်တဲ့ ခံစာချက်ပဲရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအတွက် ထိရောက်တဲ့ ဥပဒေမျိုးနဲ့ပဲဖြစ်စေချင် ပါတယ်။”ဟု ဗေဒင်ဆရာအောင်ချစ်ပိုမှ ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆို ခံထားရသူ မမြင့်မြတ်ကေခိုင် ကပြောသည်။

အမျိုးသမီး များအပေါ်လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန် မှုဖြင့်ဖြစ်စေ ၊ပါးစပ်အပြောဖြင့်ဖြစ်စေ ကျူးလွန်နေသူများ အား အရေးယူပေးနိုင်သည့် ဥပဒေသည် မြန်မာနိုင်ငံတွင် အတိအလင်း ပြဌာန်းထားမှု အနေအထားမှာအားနည်းနေခြင်းသည် အမှုကိုကျူးလွန် သူများအတွက် အခွင့်အလမ်းတစ်ရပ်ကဲ့သို့ဖြစ်နေခြင်း ကြောင့် တိကျသော ပြစ်ဒဏ်များ ပေးနိုင်ရန်လိုအပ်ကြောင်းသိရသည်။

“သူကမှားနေတာတောင်ဝန်မခံဘဲနဲ့ ဒီမိန်းကလေးတွေကို တရားစွဲမယ် ပြောတော့ မခံနိုင်ခဲ့ဘူး။ကိုယ်ဖြစ်ဖူးခဲ့တာပဲ ငါဘာလို့မပြောရဲပဲ နေရမှာလဲ ဆိုပြီးစခဲ့တာပါ။ သမီးမမြင်ရတဲ့ အနာဂတ်တစ်ခုကို လောင်ကြေး ထပ်ပြီးတော့ ဆယ်လီဖြစ်ခြင်ရလောက်တဲ့အထိသမီးမိုက်ရူးရဲမဆန်ပါဘူး။ အမှုတွေကိုဆက်ပြီးတော့မကြန့်ကြာစေချင်တဲ့အတွက်မီဒီယာကတွန်းအားလေးဖြစ်စေဖို့ရည်ရွယ်ပါတယ်။”ဟု ဒိန်းပိုပိုဒေါင်က ဆက်လက်ေ ပြောကြား ခဲ့သည်။

အမျိုးသမီးများအပေါ်ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ဗေဒင်ဆရာ အောင်ချစ်ပိုအားတရားစွဲဆို ခဲ့မှုတွင် ရရှိနိုင်သည့် လူသက်သေ နှင့်ပစ္စည်းသက်သေ အချို့အား ရနိုင်သမျှ စုစည်းထားပြီဖြစ်ကြောင်းလည်း သိရသည်။

မေစု

Leave a Reply