လူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့သော ဖီအိုရင်တီးနား အသင်းခေါင်းဆောင်၏ ဈာပန

0
162

မတ် ၈ ၊ ၂၀၁၈

ဖီအိုရင်တီးနား အသင်းခေါင်းဆောင် အက်စတိုရီရဲ့ နာရေးကို ကျင်းပခဲ့ရာ လူထောင်ပေါင်းများစွာက လမ်းမများပြည့်သည်အထိ စုဝေးလိုက်ပို့ခဲ့ကြ ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်စတိုရီဟာ ပြီခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ နာရေးကို ကျင်းပချိန်မှာ အီတလီမှ ကမ္ဘာကျော်ဘောလုံးသမားများ နည်းပြများနဲ့ ဘောလုံးပရိသတ်တွေက စုဝေးကာ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အက်စတိုရီရဲ့ ရုပ်ခန္ဓာကို ထည့်ထားတဲ့ ခေါင်းတလားကို ချက်ကျောင်းသို့ သယ်ဆောင်လာစဉ်မှာ လမ်းမတစ်လျှောက်၌ ဖီအိုရင်တီးနား ပရိသတ်တွေနဲ့ လူအများအပြားဟာ ဖီအိုရင်တီးနား အလံတွေကို လွှင့်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

အက်စတိုရီဟာ ဇနီးသည်နဲ့ ၂ နှစ်အရွယ် သမီးငယ်လေးတစ်ဦး ကျန်ရှိနေခဲ့ပါတယ်။ သူ့ရဲ့ နာရေးဈာပနဟာ ထင်မှတ်မထားလောက်အောင် စည်ကားခဲ့ပြီး ချီလီနီ ၊ ဘူဖွန် ၊ ဖိလစ်ပို အင်ဇာဂီ ၊ တော့တီ ၊ ဒီရော့ဆီ အပါအ၀င် အီတလီဘောလုံးအကျော်အမော်များ လိုက်ပါ ပို့ဆောင်ခဲ့ကြ ပါတယ်။

NN

Leave a Reply