ဘာစီလိုနာ ကွင်းလယ်လူကို ခေါ်ယူဖို့ မျှော်လင့်နေတဲ့ ဂျာကင်ကလော့

0
165

မတ် ၈ ၊ ၂၀၁၈

လီဗာပူးလ်အသင်းရဲ့ နည်းပြ ဂျာကင်ကလော့ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ရာကီတစ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်လျှက် ရှိပါတယ်။

ခရိုအေးရှားကစားသမား ရာကီတစ်ဟာ နွေရာသီမှာ ဘာစီလိုနာကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။အဆိုပါ အသက် ၂၉ နှစ်အရွယ် ရာကီတစ်ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းဟာ ရေပန်းစားနေပါတယ်။

စပိန်သတင်းစာ AS ရဲ့ ဖော်ပြမှုအရ ဘာစီလိုနာဟာ သူတို့ရဲ့ လူစာရင်း အတွက် အဓိက ကစားသမားဖြစ် နေသော ရာကီတစ်ကို လက်လွှတ်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ဒါ့အပြင် ရာကီတစ်ဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားခဲ့ပြီး ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီကလည်း သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။

လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ ကွင်းလယ်လူ တစ်ဦးကို ရှာဖွေနေပြီး ဆီဗီလာ ကစားသမားဟောင်း ရာကီတစ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် ပစ်မှတ်ထားနေပါတယ်။

NN

Leave a Reply